top of page

မိန်းကလေးများအတွက် ကျန်းမာရေးအဖော်မွန် pink bird period tacking app

  • Mar 21, 2022
  • 1 min read

Updated: May 24, 2022


မိန်းကလေးတိုင်း အမြဲတမ်းကြုံတွေ့နေကျကတော့ ရာသီလာခြင်းဆိုတဲ့ အခြေနေတစ်ခုကို လတိုင်းကြုံတွေကြရပါတယ်။ ရာသီစက်ဝန်း မှန်သည်ဖြစ်စေ မမှန်သိဖြစ်စေ မိမိရဲ့ ရာသီစက်ဝန်း အခြေအနေ ကြာချိန် ရာသီစက်ဝန်းမှာ ကြုံတွေ့ရတဲ့ ကျန်းမာရေးအခြေနေတွေကို လစဉ်လတိုင်း မှတ်သားထားဖို့လိုအပ်ပါတယ်။

အဲ့လိုမှတ်သားထားခြင်းကနေ ဘာအကျိုးကျေးဇူးတွေရနိုင်လဲဆိုတော့

  1. ကိုယ်ရဲ့ရာသီလာချိန်ကိုအတိအကျသိနိုင်ပါတယ်။

  2. ရာသီလာစဉ် ကိုယ်ရဲ့ ကျန်မာရေအခြေအနေကိုလဲ သိနိုင်ပါတယ်။

  3. ရာသီစက်ဝန်းအပြောင်းအလဲဖြစ်တာ၊ မူမမှန်တဲ့အခြေနေရှိတာကိုလဲတန်းသိနိုင်ပါတယ်။

  4. မျိုးဝဥကြွေမယ့် ကာလအပိုင်းအခြားကိုလဲခန့်မှန်းနိုင်ပါတယ်။

ဒီလိုအကျိုးကျေးဇူးတွေရှိပေမယ့် လစဉ်လတိုင်းကိုယ့်ရဲ့ ရာသီစက်ဝန်း အခြေအနေကိုမှတ်သားထားဖို့ဆိုတာကဘဲ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အလုပ်များလို့မေ့တာမျိုးတွေဖြစ်နိုင်ပြီး note စာအုပ်နဲ့ မှတ်ရတဲ့အတွက် အလွယ်တကူလဲ ပြန်ဖတ်ရအဆင်မပြေဖြစ်နိုင်ပါတယ်။


ယခုခေတ်မှာတော့ နည်းပညာတွေတိုးတက်နေပြီး ကျန်းမာရေ အထောက်အကူပြု application တွေကို app store မိမိစိတ်တိုင်းကျ ရွေးချယ်နိုင်ပါတယ်။ ကျန်းမာရေ အထောက်အကူပြု application တွေထဲမှာမှ မိန်းကလေးများအတွက် အသုံးဝင်တဲ့ period tracker app လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။


Application နာမည်လေးကတော့ Pink Bird ဖြစ်ပါတယ်။ Application လေးကို Play Store နဲ့ App Store မှာ အလွယ်တကူ download လုပ်လို့ရနိုင်ပါတယ်။

App ကဘာတွေလုပ်ဆောင်ပေးသလဲဆိုတော့

  1. ရာသီလာချိန်ကိုခန့်မှန်းပေးနိုင်ပါတယ်။ ဒီအချက်မှာတော့ ရာသီစက်ဝန်မှန်တဲ့ အမျိုးသမီးတွေအနေနဲ့ သိပ်ပြီးထူးထွေမနေပေမယ့် ရာသီစက်ဝန်း မမှန်တဲ့ အမျိုးသမီးတွေအတွက်တော့ အများကြီးအထောက်အကူဖြစ်ပါတယ်။ မှတ်ထားရမှာကတော့ application ကိုသုံးလေလေ ရာသီလာချိန် ခန့်မှန်းပေးတာ မှန်လေလေဖြစ်ပါတယ်။

  2. ရာသီလာချိန်မှာဖြစ်ပေါ်တဲ့ စိတ်ခံစားချက်အခြေအနေ၊ နာကျဉ်မှုတွေကို နေ့ရက်အလိုက်မှတ်သားထားနိုင်ပါတယ်။ မှတ်သားထားတဲ့ အချက်အလက်ပေါ်မူတည်ပြီး နောက်ရာသီစက်ဝန်းမှာ ဖြစ်လာမယ့် ကျန်းမာရေး အခြေအနေကိုလဲ ခန့်မှန်းတွက်ချက်ပေးပါတယ်။

  3. နောက်တစ်ချက်ကတော့ ကိုယ့်ရဲ့ မျိုးဥကြွေမယ့်အချိန်ကိုလဲ အကြမ်းဖျင်းတွက်ချက်ပေးပါတယ်။ ဒီအချက်ကတော့ ကလေးယူဖို့ကြိုးစားနေတဲ့ အမျိုးသမီးတွေအတွက်အများကြီးအထောက်အကူဖြစ်ပါတယ်။

  4. ကိုယ်ရဲ့ sex အခြေအနေ protected, unprotected နဲ့ take pill ဆိုပြီးမှတ်သားထားနိုင်ပြီး၊ pills reminder နဲ့ ပြန်အသိပေးနိုင်တဲ့အတွက် birth control ကိုအထောက်အကူဖြစ်စေပါတယ်။

  5. နောက်တစ်ချက်ကတော့ Period reminder နဲ့ ကိုယ့်ရဲ့ ရာသီစက်ဝန်းစချိန်ကြိုတင်အသိပေးနိုင်တဲ့အတွက် ရာသီစက်ဝန်းမူမမှန်တာကို တန်းပြီးသိနိုင်ပါတယ်။

  6. နောက်ဆုံးအချက်ကတော့ ကိုယ့်ရဲ့ ရာသီစက်ဝန်းအချက်အလက် ဒေတာကို PDF ဖိုင်အဖြစ် ထုတ်နိုင်ပြီး ဆရာဝန်ထံပို့နိုင်တဲ့အတွက် ဆရာဝန်က ကျန်မာရေးအခြေအနေကို တိတိကျကျသိရှိနိုင်ပါတယ်။

ဒါတွေကတော့ Pink Bird Application လေးရဲ့ အကျိုးကျေးဇူးတွေပါ။ အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကျော်လွှားနိုင်စေရန်ရည်ရွယ်ပြီးမျှဝေလိုက်ပါသည်။


Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page