Stress Relief Yoga
- Aug 15, 2022
- 1 min read
ကိုယ်မှာ ညဘက် အိပ်မပျော်တာ၊ ကိုယ်လက်မအီမသာဖြစ်တာ အထိုင်များလို့အညောင်းမိသလိုဖြစ်နေတဲ့လူတွေဆိုရင်တော့ Stress relief yoga ကို စမ်းလေ့ကျင့်ကြည့်ဖို့အကြံပေးချင်ပါတယ်။
Stress relief yoga ဆိုတာကတော့ breathing, meditation နဲ့ balancing ၃ မျိုးပေါင်းစပ်ထားတဲ့ yoga အမျိုးအစားကိုခေါ်ပါတယ်။
Stress relief yoga ကို တော့ ညဘက်အိပ်မပျော်သူ ကိုယ်လက်မအီမသာဖြစ်တဲ့သူနဲ့ အထိုင်များတဲ့သူတွေလေ့ကျင့်ဖို့အထူးသင့်တော်ပါတယ်။
Stress release yoga ကို ရနံကုထုံးဖြင့်ပေါင်းစပ်ကလေ့ကျင့်ပါက အကျိုးသက်ရောက်မှု ပိုသိသာစေပါတယ်။
ပထမဦးစွာ yoga ဖျားပေါ်တွင် မတ်မတ်ထိုင်ပြီး ဝင်လေထွက်လေကို အာရုံစိုက်ပြီး ရှူသွင်းရှူထုတ်ပါ။
ထို့နောက် ဘယ်ဘက်နှာခေါင်းဝဖြင့်လေရှူသွင်း ညာဘက်နှာခေါင်းဝဖြင့်လေရှူထုတ်ပါ။ ထို့နောက် ညာဘက်ကိုလည်းထိုနည်းအတိုင်းလုပ်ဆောင်ပါ။

အသက်ရှူလေ့ကျင့်ခန်းပြီး ကိုယ်စိတ်နှစ်လုံး တည်ငြိမ်ပြီဆိုပါက stretching အဆင့်ကိုဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
ဒီအဆင့်မှာတော့ မိမိနှစ်သက်ရာ အကြောလျှော့လေ့ကျင့်ခန်းများကိုပြုလုပ်နိုင်ပါတယ် သတိပြုရန်မှာ ဦးခေါင်းမှစပြီး ခြေဖျား ထိအဆင့်ဆင့် ကြောလျှော့ပေးပါ။Stretching လုပ်နေစဉ်အတွင်း အသက်ကို ပုံမှန်ရှူပေးပါ။

Stretching ကို ၁၀ မိနစ်ခန့်လုပ်ဆောင်ပြီးပါက Balancing အဆင့်ကိုဆက်လက်ပြုလုပ်နိုင်ပါတယ်။
မိမိနှစ်သက်ရာ yoga position လေးငါးမျိုးခန့် ပြုလုပ်နိုင်ပါတယ်။ ဒီအဆင့်မှာသတိပြုရန်မှာ မိမိတတ်နိုင်သလောက်သာ ပြုလုပ်ရန်ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ကိုယ့်ခန္ဓာကိုယ်ကကြွက်သားများကိုအသုံးပြုပြီး ခန္ဓာကိုယ်ကို balance ညီအောင်တတ်နိုင်သမျှထိန်းပြီး ဝင်လေထွက်လေကို ပုံမှန်အတိုင်းဖြေးဖြေးချင်းရှူသွင်းရှူထုတ်ပေးပါ။

အထက်ပါအတိုင်းအဆင့် ၃ ဆင့်ကို ငါးမိနစ်စီလုပ်ဆောင်ပေးပါ။ yoga ကျင့်နေစဉ်အတွင်း မိမိစိတ်နဲ့ ခန္ဓာကိုယ်ကို ငြိမ်းချမ်းနေအောင် ဝင်လေထွက်လေကိုသာအာရုံစိုက်ပေးပါ။ yoga ကို ညနေအိပ်ယာဝင်တိုင်းပုံမှန်လေ့ကျင့်ပေးပါက ညဘက်အိပ်မပျော်တာကိုသက်သာစေနိုင်ပြီး ကျောရိုးတစ်လျှောက်မအီမသာဖြစ်ခြင်းကိုလဲလျှော့ချပေးနိုင်ပါတယ်။


Comments