What Is Pilates and Benefit of Pilates Exercise?
- Jun 6, 2022
- 1 min read
Updated: Aug 17, 2022
တစ်ကယ်လို့ကိုယ်က ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်ခန်းတစ်ခုခုကိုလဲလုပ်ချင်တယ် အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းလဲမလုပ်ချင်ဘူး အချိန်တိုအတွင်း ကြွက်သားတွေကို သန်မာအောင်လဲလေ့ကျင့်ချင်တယ်ဆိုရင်တော့ Pilates Exercise ဟာရွေးချယ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

Pilates Exercise ဆိုတာဘယ်လိုလေ့ကျင်ခန်းပုံစံမျိုးလဲ
Pilates ဆိုတာကတော့ ယေဘုယျအားဖြင့် ခန္ဓာကိုယ်ကြွက်သား သန်မာစေရန် အာရုံစိုက်ပြီးပြုလုပ်ရတဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြံခိုင်မှုနှင့် ဟန်ချက်ညီမှုကို အထောက်အကူပြုတဲ့လေ့ကျင့်ခန်းတစ်မျိုးဘဲဖြစ်ပါတယ်။ Yoga နှင့်လဲဆင်တူပါတယ်။ Pilates သည် ကိုယ်ဟန်အနေအထား၊ ဟန်ချက်ညီမှုနှင့် လိုက်လျောညီထွေဖြစ်မှုတို့ကိုအာရုံစူးစိုက်ပြီးပြုလုပ်ရတဲ့လေ့ကျင့်ခန်းမျိုးဖြစ်တာကြောင့် တစ်ခြား အလေးမ cardio လေ့ကျင့်ခန်းတွေနှင့်ယှဉ်ကြည့်မယ်ဆိုဥင် Pilates တွင် ဒဏ်ရာ ရနိုင်ခြေသည် အခြားသော ပြင်းထန်သော လေ့ကျင့်ခန်း ပုံစံများထက် များစွာ နည်းပါးပါတယ်။
Pilates လေ့ကျင့်ခန်းဟာ ကြွက်သားတစ်ခုချင်းစီရဲ့လှုပ်ရှားမှုကို အာရုံစူးစိုက်ပြီးပြုလုပ်ရတဲ့လေ့ကျင့်ခန်းမျိုးဖြစ်တာကြောင့် လေ့ကျင့်ခန်းပြုလုပ်နေစဉ်တွင် သင့်စိတ်သည် အသက်ရှူခြင်းနှင့် သင့်ခန္ဓာကိုယ် လှုပ်ရှားပုံတို့ကို အမြဲမပြတ် အာရုံစိုက်ထားဖို့လိုအပ်ပါတယ်။
Pilates Exercise လုပ်မယ်ဆိုဝိတ်ကျနိုင်လား
ခန္ဓာကိုယ်အလေးချိန်လျှော့်ချဖို့ကိုလေကျင့်ခန်းတစ်မျိုးတည်းအားကိုးနေမယ်ဆိုရင်တော့ ကိုယ်ထင်ထားသလောက်ဝိတ်မကျနိုင်ပါဘူး။ ကျန်းမာတဲ့ ခန္ဓာကိုယ်ရရှိနိုင်ဖို့အတွက်က မိမိစားသုံးလိုက်တဲ့အစားအစား၊ နေထိုင်မှုပုံစံ နှင့် ကျန်းမာရေးအလေ့အကျင့်တို့အပေါ်အများကြီးမူတည်ပါတယ်။
Pilates Exercise ပြုလုပ်ခြင်းကြောင့်ရရှိနိုင်မယ့်အကျိုးကျေးဇူးများကိုပြောပါပေးပါမယ်။
Pilates Exercise သည် ကြွက်သားကိုသန်မာစေသော လေ့ကျင့်ခန်းပုံစံဖြစ်သောကြောင့် ခန္ဓာကိုယ်ရှိ အချို့သောနေရာများ အထူးသဖြင့် သင့်ဗိုက်၊ လက်မောင်း ၊ ခြေထောက်နှင့် တင်ပါးများရှိကြွက်သားများကို ကျစ်လစ်စေပါတယ်။
ပုံမှန် Pilates လေ့ကျင့်ခန်းတွင် အကြောဆန့်ခြင်းများ ပါဝင်ပါတယ်။ လေ့ကျင့်ခန်းတစ်ခုစီတိုင်းမှာ သင့်လျော်သော အသက်ရှုနည်းစနစ်များနှင့် ဝမ်းဗိုက်ကြွက်သားများကို ထိန်းချုပ်ရန် အာရုံစိုက်လုပ်ဆောင်ရတဲ့အတွက်ကြောင့် ကိုယ်ဟန်အနေအထားကိုပိုမိုကောင်းမွန်စေသောပါတယ်။ အထူးသဖြင့် ခါးအောက်ပိုင်း နာကျင်မှုကို သက်သာစေနိုင်ပါတယ်။
Yoga vs. Pilates - ဘယ်ဟာ ပိုကောင်းလဲ
Yoga နှင့် Pilates လေ့ကျင့်ခန်းနှစ်ခုလုံးသည် ခန္ဓာကိုယ်အလွန်ကောင်းမွန်သော လေ့ကျင့်ခန်းများဖြစ်တယ်။
ယောဂလေ့ကျင့်ခန်းတွေက အဆစ်များ အထူးသဖြင့် ကျောရိုး၊ တင်ပါးနှင့် လက်ကောက်ဝတ်များရဲ့ ပျော့ပြောင်းမှုနှင့် ရွေ့လျားနိုင်မှုတို့ကိုအခြေခံပြီးပြုလုပ်ရတဲ့လေ့ကျင့်ခန်းပုံစံမျိုးဖြစ်ပါတယ်။ တစ်ကယ်လို့ကိုယ်က အကြောကအရမ်းမပျော့ပြောင်းတဲ့လူ၊ ခါနာတတ်တာ၊ ဒူးနာတတ်တဲ့လူဆိုရင်တော့ အခြေခံယောဂလေ့ကျင့်ခန်းများကိုသာပြုလုပ်သင့်ပါတယ်။
Pilates Exercise က ကြွက်သားလှုပ်ရှားမှုတွေကိုအာရုံစူးစိုက်ပြီး ပြုလုပ်ရတဲ့လေ့ကျင့်ခန်းဖြစ်တာကြောင့် သက်ကြီးရွယ်အိုများ။ ကြွက်သားသန်မာအောင်ပြုလုပ်လိုသူတွေအတွက် သင့်တော်ပါတယ်။
အိမ်မှာဘဲအလွယ်တကူပြုလုပ်နိုင်ပြီး ထိရောက်တဲ့ Pilates Exercise တစ်ချို့ကိုပြောပြပေးပါမယ်။
15 Minute Arm Burnout (weightless upper body workout)
https://www.youtube.com/watch?v=Y346900i9qE
15 Minute Pilates for Lower Abs, Belly Fat Workout, Flat Tummy, Slim Waist, Trouble Spot with Banks
Pilates For Lower Back Pain - Pain Relief Series
https://www.youtube.com/watch?v=ZZ9LnxPqLgo
Pilates Exercise ကို တစ်ပါတ်ဘယ်နကြိမ်ပြုလုပ်သင့်လဲ
တစ်ကယ်လို့ကိုယ်က လေ့ကျင့်ခန်းကိုအခုမှစလုပ်တဲ့လူဖြစ်ပါက တစ်ပတ်လျှင် ၂ ကြိမ်မှ ၃ ကြိမ်အထိ လေ့ကျင့်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်ဖူးတယ် ဝိတ်ကျဖို့အတွက်လေ့ကျင့်ခန်းပြုလုပ်လိုတယ်ဆိုရင် တစ်ပါတ်မှာ Pilates Exercise ၃ မျိုးနှင့် Cardio လေ့ကျင့်ခန်း ၂ မျိုးတစ်လှည့်စီ တစ်ပါတ် ၅ ရက်လေ့ကျင့်နိုင်ပါတယ်။


Comments