Benefit of green juice and green juice recipe
- Jun 5, 2022
- 1 min read
Green juice ဆိုတာကတော့ အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေကို ကြိုတ်ပြီးပြုလုပ်ထားတဲ့ အစိမ်းရောင်ဖျော်ရည်ဖြစ်ပါတယ်။ Green juice ကိုသောက်သုံးခြင်းဖြင့်ရရှိနိုင်အကျိုးကျေးဇူးတွေနဲ့ ဘယ်အချိန်မှာ သောက်သုံးသင့်လဲဆိုတာကိုပြောပြပေးသွားပါမယ်။

Green Juice ဆိုတာဘာလဲ?
Green juice ဖျော်ရည်တွင် ဘယ်အသီးအရွက်ကိုထည့်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တော့မရှိပါဘူး။ ဒါပေမယ့်များသောအားဖြင့်အသုံးပြုလေ့ရှိတဲ့ ပါဝင်ပစ္စည်းတွေကတော့ တရုတ်နံနံ၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက်၊ သံပုရာရည်၊ နံနံကြီး၊ သခွားသီး အစရှိသဖြင့်ကြိုက်နှစ်သက်ရာ အသီးအရွက်များနှင့် အသီးအနှံများကိုလည်း ထည့်နိုင်ပါတယ်။ Green juice ကိုအသီးအရွက်ကြီးဘဲကြိတ်ဖျော်တဲ့အခါ စစချင်းမှာအလေ့အကျင့်မရှိတဲ့လူအတွက် ခါးသက်သက်အရသာ၊ စိမ်းရွှေရွှေအနံမျိုး ရတတ်ပြီး သောက်ရခက်တာကြောင့် သောက်သုံးရလွယ်ကူစေရန် အသီးအနှံတစ်ချို့ကို ထည့်ပြီးအနံနှင့်အရသာပိုမိုကောင်းမွန်လာအောင်ပြုလုပ်တတ်ကြပါတယ်။ Green juice ပြုလုပ်ရာတွင် အရသာကောင်းမွန်စေရန် ပန်းသီးစိမ်း၊ ကီဝီသီး၊ သံပုရာသီး၊ လိမ္မော်သီးနှင့် စပျစ်သီးတို့ကိုထည့်ပြီးပြုလုပ်နိုင်ပါတယ်။
Green Juice ၏ ကျန်းမာရေး အကျိုးကျေးဇူးများ
အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များကို ဒီတိုင်းစားသုံးခြင်းထက် အာဟာရပိုမိုရရှိရုံသာမက Green juice မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ ကြေညက်အောင်ပါဝင်ပစ္စည်းများကိုကြိတ်ချေပြီးသားဖြစ်တဲ့အတွက် ချေဖျက်ရန် သင့်ခန္ဓာကိုယ်ကအများကြီးလုပ်ဆောင်ရန် မလိုအပ်သောကြောင့်ဗီတာမင်နှင့် သတ္တုဓာတ်များကို ချက်ချင်းရရှိစေပါသည်။ Green juice သည် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေပါတယ်။
အစာခြေစနစ်ကို ကောင်းမွန်စေခြင်း
Green juice တော်တော်များများမှာ ပရိုဘိုင်အိုတစ်ဂုဏ်သတ္တိတွေ ရှိတယ်လို့ ယူဆကြပါတယ်။ Probiotics ဆိုတာကတော့ကျွန်ုပ်တို့၏ အူလမ်းကြောင်းအတွင်း အစာခြေခြင်းကို အထောက်အကူပြုတဲ့ ခန္ဓာကိုယ်အကျိုးပြု ဘက်တီးရီးယားတွေဖြစ်ပါတယ်။
အသားအရေကို ရေဓာတ်ဖြည့်ပေးခြင်း
ကြည်လင်ဝင်းပတဲ့ အသားအရေရှိဖို့ဆိုတာ အရေပြားပေါ်လူးပေးရတဲ့ Skin Care တစ်မျိုးတည်းနဲ့တင်မလုံလောက်ပါဘူး ကိုယ်စားလိုက်တဲ့ အစားအသောက်ပေါ်လဲအများကြီးမူတည်ပါတယ်။ Green juice ဟာသာက်သုံးရအနဲငယ်ခက်ပေမယ့်ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ တရုတ်နံနံ၊ သစ်တော်သီး၊ ပန်းသီးနှင့် အခြားအသီးအရွက်များစွာတွင် ဗီတာမင်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်တဲ့အတွက် အသားအရေကို ကြည်လင်စေပြီး ရေဓာတ်ကို ထိန်းသိမ်းပေးပါတယ်။ Green Juice မှာရေဓာတ်နဲ့ အူလမ်းကြောင်းကိုပိုမိုကောင်းမွန်စေတဲ့အကျိုးကျေးဇူးတွေက သင့်အသားအရေကို အရည်စိုပြေစေဖို့အထောက်အကူပြုပါတယ်။
ကိုယ်အလေးချိန်လျှော့ချရာတွင် အထောက်အကူဖြစ်စေခြင်း
Green juice ဟာအခြေခံအားဖြင့် ကယ်လိုရီနည်းပါးပြီး အာဟာရဓာတ်များ မြင့်မားစွာပါဝင်ပါတယ်။Green juice ကို ညနေခင်း သရေစာ သို့မဟုတ် နံနက်စာနေရာတွင် အစားထိုးပြီးသောက်သုံးနိုင်ပါတယ်။ Green juice ဟာဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်အောင် ကူညီပေးသောကြောင့် ကိုယ်အလေးချိန်ကျရန်များစွာအထောက်အကူဖြစ်စေပါတယ်။
Green Juice ရဲ့ အကျိုးကျေးဇူးတွေကိုပြောပြပြီးပြီဆိုတော့ ပါဝင်ပစ္စည်းနဲနဲနှင့် အရသာကောင်းမွန်တဲ့ Green Juice ပြုလုပ်နည်းတွေကို ပြောပြပေးပါမယ်။
Green Juice For Beginners
ပါဝင်ပစ္စည်းများ
သစ်တော်သီး ၂လုံး
လတ်ဆတ်သောဟင်းနုနွယ်ရွက် လက်တစ်ဆုပ်စာ
တရုတ်နံနံ လက်တစ်ဆုပ်စာ
ဂျင်းလက်တစ်ဆစ်
ပန်းသီးထည့်လိုကထည့်နိုင်ပါတယ်။
ပါဝင်ပစ္စည်းများအားလုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ဂျင်းကို အခွံခွာဖို့ မလိုအပ်ပါး။ အကုန်လုံးကို ဖျော်စက်ထဲသို့ထည့်ပြီးကြေညက်အောင်ဖျော်ပါ။ ရေခဲသေတ္တာထဲတွင် 72 နာရီအထိ သိမ်းဆည်းထားနိုင်ပါတယ်။ အေးခဲပြီးသိမ်းမည်ဆိုပါက ၁ပါတ်အထိအခဲထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။
Green Apple Lemon Ginger Juice
ပါဝင်ပစ္စည်းများ
ကိုက်လန် ၁ စည်း
အလတ်စား မုန်လာဥနီ ၁ လုံး
တရုတ်နံနံ လက်တစ်ဆုပ်စာ
သခွားသီးအလတ် ၁ လုံး
ပန်းသီးစိမ်း ၁ လုံး
သံပုရာသီး ၂ လုံး
ဂျင်းလက်တစ်ဆစ်
ပါဝင်ပစ္စည်းများအားလုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ဂျင်းကို အခွံခွာဖို့ မလိုအပ်ပါး။ အကုန်လုံးကို ဖျော်စက်ထဲသို့ထည့်ပြီးကြေညက်အောင်ဖျော်ပါ။ ရေခဲသေတ္တာထဲတွင် 72 နာရီအထိ သိမ်းဆည်းထားနိုင်ပါတယ်။ အေးခဲပြီးသိမ်းမည်ဆိုပါက ၁ပါတ်အထိအခဲထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။
Green Cleanse Smoothie Recipe
ပါဝင်ပစ္စည်းများ
လှီးထားသော နာနတ်သီး ၁ခြမ်း
ဟင်းနုနွယ်ရွက် ၁ လက်တဆုပ်စာ
ကီဝီသီး ၁ လုံးကို အခွံခွာပြီး လှီးဖြတ်ပါ။
အုန်းရေ ၁ ခွက်
ပါဝင်ပစ္စည်းများအားလုံးကို ချောမွေ့သည်အထိ Blender ထဲတွင် ရောမွှေပါ။
Digestive Aid Green Juice
ပါဝင်ပစ္စည်းများ
တရုတ်နံနံ လက်တစ်ဆုပ်စာ
လတ်ဆတ်သောကိုက်လန် လက်တစ်ဆုပ်စာ
ဂျင်းအမြစ် လက်တစ်ဆစ်
သစ်တော်သီး ၂ လုံး
ပါဝင်ပစ္စည်းများအားလုံးကို ရေဆေးပြီး ပါးပါးလှီးထားပါ။ ဂျင်းကို အခွံခွာဖို့ မလိုအပ်ပါး။ အကုန်လုံးကို ဖျော်စက်ထဲသို့ထည့်ပြီးကြေညက်အောင်ဖျော်ပါ။ ရေခဲသေတ္တာထဲတွင် 72 နာရီအထိ သိမ်းဆည်းထားနိုင်ပါတယ်။ အေးခဲပြီးသိမ်းမည်ဆိုပါက ၁ပါတ်အထိအခဲထားပြီး သိမ်းဆည်းထားနိုင်ပါတယ်။
Morning Juice
ပါဝင်ပစ္စည်းများ
လတ်ဆတ်သောကိုက်လန် လက်တစ်ဆုပ်စာ
ဆလတ် လက်တစ်ဆုပ်စာ
နံနံပင် လက်တစ်ဆုပ်စာ
ပန်းသီးကြီး ၁ လုံး
သံပုရာသီး ၂ လုံး
အတုံးသေးသေးလေးများဖြစ်အောင်လှီးပါ။ ပါဝင်ပစ္စည်းများအားလုံးကို ချောမွေ့သည်အထိ Blender ထဲတွင် ရောမွှေပါ။




Comments