Panda algorithm and Penguin algorithm
- Aug 9, 2022
- 2 min read
Updated: Aug 10, 2022
Panda algorithm

Panda algorithm လို့ခေါ်ရတဲ့အကြောင်းကတော့ algorithm ကိုရေးခဲ့တဲ့ engineer နာမည် Navneet Panda က Panda ကိုယူပြီးနာမည်ပေးထားတာဘဲဖြစ်ပါတယ်။ Panda algorithmကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် စတင်ပြီးအသုံးပြုခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ Low-quality website တွေကို search result ရဲ့ ထိပ်ဆုံးမှာနေရာယူနေတာကိုလျှော့ချဖို့အတွက်ဖြစ်တယ်။ ဒီ algorithm ကိုပထမဆုံး အသုံးပြုတုန်းကတော့ နာမည်မပေးထားဘူး။ ဒီ algorithm က contact farm အပေါ် အကျိုးသက်ရောက်မှုရှိတာကြောင့် လူတော်တော်များများကတော့ Farmer လို့ ခေါ်ကြပါတယ်။ Content farms ဆိုတာကတော့ site တော်တော်များများက ကိုယ်ရဲ့ site မှာတင်ဖို့အတွက် information အရင်းအမြစ်တွေကို တစ်ခြား site တွေက information တွေကိုအသုံးပြုပြီး Page အမြောက်များ create ထားတဲ့ site တွေကိုခေါ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ google ranking ကောင်းကောင်ဖို့အတွက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို information တွေကို အသုံးပြုခြင်းက ဆိုက်များစွာကို ထိခိုက်စေခဲ့ပါတယ်။
Panda ကို စတင်အသုံးပြုတုန်းက SEO ဖိုရမ်အများအပြားက ဒီ algorithm က သဘာဝမကျတဲ backlink တွေရှိတဲ့ site တွေကို အဓိကပြစ်မှတ်ထားတယ်လို့ယူဆထားကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သဘာဝမကျတဲ backlink တွေက Panda algorithm ရဲ့အဓိကဦးတည်ချက်မဟုတ်ဘဲ site အရည်အသွေးနှင့်ပတ်သက်တဲ့အချက်ကိုသာဦးတည်ချက်ထားတယ်ဆိုတာကိုတွေ့ရှိရပါတယ်။
Panda hit ဖြစ်တဲ့ siteတွေက search result မှာသက်ရောက်မှုကိုတော်တော်ခံရပါတယ်။ Panda hit က site-wide ပြဿနာဖြစ်လေ့ရှိပါတယ်။ ဆိုလိုသည်မှာ search engine ရလဒ်များတွင် သင့်ဆိုက်၏စာမျက်နှာအချို့ကို နေရာယူတာနှိမ့်ချပြစ်ရုံသာမကျဘဲဆိုက်တစ်ခုလုံးကို အရည်အသွေးနိမ့်သည်ဟု မှတ်ယူလိုက်ပါတယ်။ တစ်ချို့ Panda hit တွေမှာတော့ subdomain, ဒါမှမဟုတ် news blog မှာဘဲ အကျိုးသက်ရောက်မှုရှိပါတယ်။
Google က ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုတော့ အသုံးပြုသူရှာဖွေနေတဲ့အရာအတွက်အဖြေတစ်ခုရရန် အတွက်ဦးစားပေးလိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ တစ်ကယ်လို့ user ကကိုယ်ရှာလိုတဲ့အရာကို google မှာတန်းပြီးရှာမတွေ့ဘူးဆိုရင် ဒီ user ကနော်ကတစ်ကြိမ် google search ကိုအသုံးပြုမှာမဟုတ်တဲ့ပါဘူး ဒီအခြေအနေကိုလျှော့ချချင်တာကြောင့် google က panda ကို အသုံးပြုခြင်းဖြစ်ပါတယ်။
Panda hit ကနေ ဘယ်လို recover ယူကြမလဲ, အောက်ဖော်ပြပါ အချက်အလက်တွေနဲ့ နှိုင်းယှဥ်ပြီး ကိုယ့် site က quality ကောင်းမကောင်းဆုံးဖြတ်နိုင်ပါတယ်။
Site မှာဖော်ပြထားတဲ့ အချက်အလက်,article တွေကို ကိုယ်တစ်ကယ်ယုံသလား။
Information တွေကို တစ်ကယ်သိတဲ့လူ ကျွမ်းကျင်သူကရေးသားထားတယ်လို့ထင်ရပါသလား။
Site မှာတူညီနေတဲ့ အကြောင်းအရာကို key word မတူဘဲရေးသားထားတဲ့ article တွေရှိလား။
Credit card information ထည့်သွင်းရာမှာလုံခြုံစိတ်ရမှုရှိလား။
Site မှာရှိတဲ့ article တွေက စာလုံးပေါင်းမမှန်တာ, အကြောင်းအရာမမှန်တာမျိုးတွေရှိလား။
Site မှာရှိတဲ့ traffic တွေက တစ်ကယ့် traffic အစစ်တွေလား။
Site မှာရှိတဲ့ page တွေက တစ်ခြား site က page တွေနဲ့ယှဥ်ရင် search result ကောင်းကောင်းရလား။
Content quality control ကောင်းကောင်းလုပ်သလား။
Site တစ်ခုလုံးမှာ ကိုယ်ပိုင် content တွေရှိနေလား။
Site မှာရှိတဲ့ article တိုင်းက information ပြည့်ပြည့်စုံစုံရှိလား။
Site မှာရှိတဲ့ article တွေမှာ စိတ်ဝင်စားစရာအချ်ကအလက်ပါဝင်ပါသလား။
Site မှာရှိတဲ့ article တွေက အရမ်းတိုလွန်းတာ ဘာအချက်အလက်မှ တိတိကျကျမပါတာမျိူးရှိလား။
Panda eye ဖြင့်ဆိုဒ်၏အရည်အသွေးကို ဆုံးဖြတ်ရာတွင် Google အသုံးပြုသည့်အချက်အားလုံးကို မည်သူမှ အမှန်တကယ်မသိနိုင်ပါ။
ဒါပေမယ့်ကိုယ့် site က search result မှာ rucking ကောင်းကောင်းရချင်တယ်ဆိုရင်တော့ ဒီအချက်တွေကိုအခြေခံထားပြီး ပြုပြင်ပြောင်းလဲသင့်ပါတယ်။
Panda နှင့် ပတ်သက်ပြီးအရေးကြီးတဲ့အကြောင်းအရာများအဖြစ် ကျယ်ပြန့်စွာ လက်ခံထားသော အချက်အချို့ ရှိပါသေးတယ်။
Thin Content
Thin Content page ဆိုတာကတော့ website ရဲ့ စာမျက်နှာတွေမှာ ဖတ်ရှူသူအတွက်အချက်အလက်လုံလုံလောက်လောက်မရှိတဲ့ content များကိုခေါ်ပါတယ်။ article တစ်ခုက စာလုံးရေအမြောက်များ ရှိရမယ် လို့မဆိုလိုပါဘူ ဒါပေမယ့် article မှာ ဖတ်ရှုသူအတွက်အသုံးဝင်တဲ့ information တွေတော့ရှိနေဖို့လိုအပ်ပါတယ်။ တစ်ကယ်လို့ ကိုယ့် site ကစာကြောင်း ၂ ကြောင်းလောက်သာပါတဲ့ page တွေအများအပြားရှိမယ်ပြီးတော့ page တွေကိုလဲ Google indexing လုပ်ထားမယ်ဆိုရင်တော့, Panda algorithm အရ page တွေကို အရည်အသွေးနိမ့်သည်ဟု ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ့်ရဲ့ site မှာ thin content page အနဲငယ်သာရှိတယ်ဆိုရင်တော့ Panda effect ကအများကြီးမထိခိုက်နိုင်ပေမယ့် page တော်တော်မျာမျာက thin content page တွေကြီးဘဲဆိုရင်တော့ search index ကို ထိခိုက်စေနိုင်ပါတယ်။
Duplicate Content
Site တစ်ခုထဲမှာ တူညီတဲ့အကြောင်းအရာများကို ထပ်ခါတစ်လဲလဲရေးသားဖော်ပြခြင်သည် သင့်ဆိုဒ်ကို Panda algorithm ကနေ အရည်အသွေးနိမ့် Site တစ်ခုအဖြစ်ဖြစ်သတ်မှတ်စေနိုင်သည့် အချက်တစ်ချက်ဖြစ်ပါတယ်။ ဝဘ်ဆိုက်တစ်ခုဟာ အခြားရင်းမြစ်များမှ ကူးယူထားသော အကြောင်းအရာ အများနှင့်သာဆော်ကထားတဲ့ site ဖြစ်နေပါက ဒီ site က valuable content တွေကို မဖော်ပြနိုင်ဘူးလို့ Google ကသတ်မှတ်လိုက်ပါတယ်။
တစ်ကယ်လို့ ကိုယ့် site က ကုန်ပစ္စည်းရောင်းချတဲ့ site ဖြစ်တယ်ဆိုရင်။ ထုတ်ကုန်တစ်ခုစီတွင် အရောင်ကွဲပြားမှုနှင့် အရွယ်အစားတစ်ခုစီအတွက် သီးခြားစာမျက်နှာတစ်ခုရှိနိုင်သည် ။ဒါပေမယ့် ဤစာမျက်နှာအားလုံမှာတော့ အခြေခံအားဖြင့်အကြောင်းအရာများကတူညီနိုင်ပါတယ်။ ဤအခြေအနေမျိုး ပြဿနာအတွက် ဖြေရှင်းချက်မှာ Canonical tag ဒါမှမဟုတ် Moz Pro's Site Crawl ကိုအသုံးပြုပြီးဖြေရှင်းနိုင်ပါတယ်။
Low-quality Content
ဆောင်းပါးတစ်ပုဒ်ရေးပြီး site ပေါ်တင်သောအခါ ကိုယ်တင်လိုက်တဲ့ content က အချက်အလက်ပြည့်စုံပြီး ဖတ်ရှူသူလိုချင်တဲ့အသတင်းချက်အလက်ပါဝင်တဲ့ content တစ်ပုဒ်ဖြစ်ဖို့အရေးကြီးပါတယ်။ SEO တော်တော်များများက site ranking ကောင်စေရန်အတွက် နေ့တိုင်း content တင်ဖို့အကြံပေးကြပါတယ်။ ဒါပေမယ့်ကိုယ်တင်လိုက်တဲ့ content က low-quality ဘဲဖြစ်နေပါက site အတွက်ဆိုးကျိုးတွေကိုသာဖြစ်စေနိုင်ပါတယ်။ ဥပမာ -ကိုယ်ဖတ်ခဲ့တဲ့ blog, article ကိုအသုံးပြုပြီး နေ့တိုင်း ကိုယ့် site မှာ blog တစ်ခုစီတင်တယ်။ ကိုယ်ကဒီအတောအတွင် ဖတ်ခဲ့သမျှ content တွေကို reference ယူပြီး article တင်တာကလွဲရင်ကျန်တဲ့ ကိုယ်ပိုင် article မရှိဘဲလေးနှစ်ဆက်တိုက် reference ယူပြီး article တွေဘဲတင်မယ်ဆို ကိုယ့်site မှာ ကူယူထားတဲ့ အချက်အလက်ပါရှိသော စာမျက်နှာ ၁၄၀၀ ကျော်ရှိနေမှာဖြစ်ပါတယ်။ ဒီအခြေအနဟာ Panda algorithm ၏အမြင်တွင် အရည်အသွေးနိမ့်ပါးသည့် site တစ်ခုအဖြစ်သတ်မှတ်စေနိုင်ပါတယ်။
တစ်ကယ်လို့ ကိုယ့် site က panda hit ဖြစ်ပြီး search result မှာ ဆိုးဆိုးရွားရွားထိခိုက်နေတယ်ဆိုပါက အထက်ဖော်ပြပါအချက်အလက်တွေကို တစ်ဆင့်ခြင်းပြုပြင်သင့်ပါတယ်။

Penguin algorithm
Penguin algorithm ကို ဧပြီလ 24 ရက်၊ 2012 တွင် စတင်အသုံးပြုခဲ့ပါတယ်။ Penguin ၏ရည်ရွယ်ချက်မှာ Google search result မှာ နေရာကောင်းစေရန်အတွက် unnatural backlinks များပြုလုပ်ထားခြင်းကိုလျှော့ချနိုင်စေရန်ဖြစ်ပါတယ်။ လင့်တစ်ခုက ကိုယ့် site အတွက်မဲတစ်ခုအဖြစ်သတ်မယ်မယ်ဆိုရင် reliable site တစ်ခုက ကိုယ့် site ကို link ချတ်ထားမယ်ဆိုရင်တော့ ကိုယ့်အတွက် အကျိုးရှိတဲ့ မဲတစ်မဲသတ်မှတ်မှုတစ်ခုဖြစ်နိုင်ပေမယ့် authoritative site တွေကသာ လင့်ချိတ်မယ်ဆိုရင်တော့ ပယ်မဲဖြစ်သွားမှာပါ။ တစ်ကယ်လို့ ကိုယ့် site ကပယ်မဲများနေရင်တော့ တရားမဝင် site တစ်ခုအဖြစ်နဲ့ google ကသတ်မှတ်နိုင်ပါတယ်။
Penguin သည် Panda ကဲ့သို့ filter တစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ၊ algorithm သည် အခါအားလျော်စွာ ပြန်လည်လည်ပတ်နေပြီး ဆိုက်များကို ပြန်လည်လည်ပတ်မှုတစ်ခုစီဖြင့် ပြန်လည်အကဲဖြတ်ပါသည်။
Hit ကနေ ဘယ်လို recover ယူကြမလဲ
ကိုယ့် site ကိုညွှန်ပြနေတဲ့ သဘာဝမကျသောလင့်ခ်များကို ရှာဖွေပြီး ဖယ်ထုတ်ပြစ်ဖို့လိုပါတယ်။ တစ်ကယ်လို့ ကိုယ်က ဖယ်ထုတ်လို့မရဘူးဆိုရင် disavow tool ကိုအသုံးပြုပြီး Google ကို claw မလုပ်ဖို့ request လုပ်နိုင်ပါတယ်။ ဒါပေမယ့် disavow tool ကဘယ်လိုအလုပ်လုပ်တဘ်ဆိုတာကို အမှတ်တစ်ကယ်သိမှသာအသုံးပြုသင့်ပါတယ်။ တစ်ကယ်လို့ ကိုယ်က link တွေကိုမှာပြီး request လုပ်မိရင်တော့ site အတွက် ဆိုးကျိုးပိုဖြစ်စေနိုင်ပါတယ်။




Comments