ကိုယ့် brand အတွက် effective ဖြစ်စေတဲ့ style guide line ရေးသားနည်းနဲ့ design idea
- Aug 17, 2022
- 2 min read
Style guide line ဆိုတာကတော့ ကိုယ့် brand ကိုအမျိုးမျိုးသော platforms တွေမှာဘယ်လိုဖော်ပြမယ်၊ ဘယ်လိုအရောင်တွေ သုံးရမယ် ဆိုတဲ့သတ်မှတ်ချက်တွေကို ရေးသားထားတဲ့ document တစ်ခုဖြစ်ပါတယ်။

Style guide ကိုသုံးခြင်းဖြင့် Design တစ်ခုဆွဲမယ်ဆိုတာနဲ့ ဘယ်အရောင်ကို Primary ထားမယ်၊ Font style ဘယ်လိုထားမယ်၊ Image တွေရဲ့ size တွေကိုဘယ်လိုလိုချင်လဲဆိုတာကအစ အကုန်လုံးကို တစ်သတ်မတ်တည်းဖြစ်စေပါတယ်။ Style Guide က ကိုယ့်ရဲ့ Brand ရဲ့ Vision ကိုတစ်စုတစ်စည်းတည်းဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်လိုချင်တဲ့ အရောင်၊ Font Style ကအစ သတ်မှတ်ချက်အကုန်တစ်နေရာတည်းမှာစုစည်းထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
တစ်ချို့ brand တွေက သူတို့ရဲ့ Style Guide တွေကို Online ပေါ်မှာ Share ပေးလေ့ရှိကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သူတို့ရဲ့ Brand နဲ့ပတ်သက်ပြီး ကိုယ့် Platform မှာယူသုံးမယ်ဆိုရင် ဘာတွေတော့ရှောင်ရမယ်။ ဘာတွေကတော့ Version ပြောင်းထားတယ်ဆိုတာကို သိစေချင်လို့ဖြစ်ပါတယ်။
Style Guide မှာ အဓိကအားဖြင့်
Colors
Typography
Imagery
Logos
ဒီ Information တွေက နာလည်လွယ်ရမယ်။ ဘယ်လိုအခြေအနေမှာသုံးသင့်တယ်ဆိုတဲ့ အချက်အလက်တွေလဲပါဝင်သင့်ပါတယ်။
ဥပမာအနေနဲ့ Netflix ရဲ့ logo style guide ကို ကြည့်မယ်ဆို color code ကို hex code, RGB, CNYK နဲ့ PMS ဆိုပြီးတော့ အရောင်ကိုဒီ Code သတ်မှတ်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းဖေါ်ပြထားပါတယ်။
ဒါအပြင် partner logo တစ်ခုနဲ့ပေါင်းမည်ဆိုပါက ဘယ်လိုပေါင်းရမယ် Space ဘယ်လောက်ခြားရမယ်ဆိုတာကအစအသေးစိတ်ဖော်ပြထားပါတယ်။
Typography ဆိုတာကတော့ ကိုယ်သုံးမယ့် font style, font color အစရှိသည်ကိုသတ်မှတ်ထားခြင်းဖြစ်ပါတယ်။
ဥပမာအနေနဲ့ Spotify ရဲ့ style guide ကို ကြည့်မယ်ဆို ဘယ်လို Font အမျိုးအစားဖြင့်သာအသုံးပြုသင့်တယ်ဆိုတာကို သတ်မှတ်ထားတာကိုတွေ့ရပါတယ်။ ဒါအပြင် Typography style guide မှာ letter spacing, paragraph spacing, font weight အစရှိသည်တို့ကို Consistency ဖြစ်အောင်တစ်ခါတည်းသတ်မှတ်ထားသင့်ပါတယ်၊
Imagery နဲ့ Logos တွေကိုလဲ ကိုယ့် brand ရဲ့ version အလိုက်သတ်မှတ်ထားသင့်ပါတယ်။ ဒီ Logo, ဒီ ပုံကတော့ version1.1 ကပုံပါ ဆက်သုံးမယ်မသုံးဘူး အစရှိသဖြင့် သက်ဆိုင်ရာ information တွေကိုသက်ဆိုင်ရာပုံနှင့်တစ်ပါတည်းတွဲပြီး ဖော်ပြသင့်ပါတယ်။ ဒါမှသာ designer အနေဖြင့် ပုံတစ်ခုကို သုံရမလားမသုံးရဘူးလားဆိုတဲ့ Approval ကို ခနခနတောင်းစရာမလိုအပ်တော့မှာဖြစ်သလို ကိုယ့် Brand ကိုလဲ Design Consistency ဖြစ်စေပါတယ်။
အကျဥ်းချုံရရင်တော့ ကိုယ့်ရဲ့ style guide က designer တွက် လိုအပ်တဲ့ Information အကုန်ရှိနေရမှာဖြစ်ပါတယ်။ ဒါမှသာ team တစ်ခုနှင့်တစ်ခုကြား အလုပ်လုပ်ရတာပိုမိုလွယ်ကူလျှင်မြန်စေမှာဖြစ်ပါတယ်။
Style guide ရလာပြီဆိုရင်တော့ ရလာတဲ့ style guide ကိုမူတည်ပြီး Designer က Design စပြင်ဆင်တော့မှဖြစ်ပါတယ်။ Designer အနေနဲ့ စပြီးစဉ်းစားရမှာက ဒီ Design ရဲ့ Goal ကဘာလဲ ကိုယ့်ရဲ့ Target User ကဘယ်အမျိုးအစားလဲ ဆိုတာကိုထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ကိုယ်က စာဖတ်သူကို ဦးစားပေးမှာလား၊ ဒါမှမဟုတ် Information တစ်ခုလောက် Topic တစ်ခုလောက်ဘဲ သိလိုတဲ့လူကို ဦးစားပေးမှာလား
ဥမာအနေနဲ့ News Letter ကိုဖတ်စေချင်တာလား, Facebook post, Instagram post တစ်ခုကိုကြည့်စေချင်တာလား ဒီအခြေအနေပေါ်မူတည်ပြီး Design ကိုပြင်ဆင်သင့်ပါတယ်။
ပြီးတော့ ကိုယ့် Graphic ကို ရှိပြီးသား Customer တွေအတွက်လား၊ Marketing ဆင်းချင်တာလား၊ Desktop User ကို Target ထားမှာလား၊ Mobile User ကို Target ထားမှာလား ဆိုတဲ့ Main Goal ကိုလဲသတ်မှတ်သင့်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကိုယ်နဲ့ User ကြားမှာ ကြားခံအဖြစ်ဘယ် Platform ကိုသုံးပြီးဆက်သွယ်မလဲဆိုတာကိုလဲထည့်သွင်းစဉ်းစားသင့်ပါတယ်။
Website
Email news letter
Twitter or Facebook
Blog
အစရှိသဖြင့် platform ပေါ်မူတည်ပြီး graphic format ကိုသတ်မှတ်သင့်ပါတယ်။
ဒီအချက်တွေပြီးရင်တော့ ကိုယ်ဆွဲလိုက်တဲ့ Design က သတ်မှတ်ထားတဲ့ Goal, Function ကို Support လုပ်မလုပ်ဆိုတာကို Overall စစ်ဆေးသင့်ပါတယ်။ ကိုယ်သုံးလိုက်တဲ့ ပုံ, Structure တွေကို အကုန်ပေါင်းစပ်လိုက်တဲ့အခါ ကိုယ်ပြောချင်တဲ့ Function ကို ကိုယ်စားပြုသလားဆိုတာကို ခြုံငုံသုံးသပ်ဖို့လိုပါတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ Budget ပါ။ ကိုယ်က Graphic တစ်ခုအတွက် အချိန်၊ ငွေဘယ်လောက်ရသလဲဆိုတာကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပုံကို ဝယ်မလား၊ free stock images တွေဘဲသုံးမလား ရှိပြီးသား Design ကိုပြန်ပြီး Modify လုပ်မလားဆိုတာကို ချိန်ညှိသင့်ပါတယ်။
ဒီအချက်တွေကတော့ ကိုယ့် Brand ရဲ့ Graphic ကို Platform အမျိုးမျိုးမှာ ဘယ်လို ရေးဆွဲရမလဲဆိုတာကို သိရှိသင့်တဲ့အချက်အလက်တွေဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အနေနဲ့ ပြီးပြည့်စုံ website design တစ်ခုလုံးလိုချင်တယ်ဆိုပါက professional website designer ကိုသာ design အပ်ဖို့အကြံပြုချင်ပါတယ်။




Comments