ဘူးသီးကြော် ကို မန်ကျည်းအချဉ် စပ်စပ်ကလေးနဲ့ ပူပူစပ်စပ်လေးလုပ်စားကြည့်ရအောင်
- Aug 17, 2022
- 1 min read
မိုးအေးအေးလေးမှာ အကြော်ပူပူလေးဝါးလိုက် ရေနွေးကြမ်းကလေးမော့လိုက်နဲ့ ဇိမ်ခံချင်တယ်ဆိုရင်တော့ လွယ်ကူရိုးရှင်းတဲ့ ဒီနည်းလမ်းလေးနဲ့အိမ်မှာလုပ်စားကြည့်ဖို့ မျှဝေးပေးလိုက်ပါတယ်။

မုန့်နှစ်ပြုလုပ်ရန် ပါဝင်ပစ္စည်းတွေကတော့
ရွှေလိပ်ပြာအကြော်မှုန့် - ထမင်းစားဇွန်း ၄ ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ရေ - ၅၀၀မီလီ
အကြော်မှုန့်နှင့် ဆား၊ ကြက်သမှုန့်တို့ကို သမအောင်နယ်ပါ။
ရေကိုထမင်းစားဇွန်းဖြင့် ၃ ဇွန်းထည့်ပါ။ အပျစ်အကြဲပေါ်မူတည်ပြီးရေကို တစ်ဇွန်းစီထည့်ပေးပါ။
မုန့်နှစ်က မပျစ်မကြဲ အနေထားရောက်တဲ့အထိရေထည့်လိုက်မွှေလိုက်ဖြင့် ရေကိုနဲနဲစီထည့်ပေးပါ။
မန်ကျည်းချဉ်ပြုလုပ်ရန် ပါဝင်ပစ္စည်းတွေကတော့
မန်ကျီးသီး
ကြက်သွန်ဖြူ ၂ မွှာ
ငြုပ်သီး ၄ တောင့်
သကြား/ထန်းလျက်ခဲ
ငံပြာရည် ထမင်းစားဇွန်း ၁ ဇွန်
ကြက်သွန်ဖြူ၊ ငြုပ်သီးစိမ်းတို့ကို ညက်နေအောင်ထောင်းပါ။
သကြား/ထန်းလျက်အနဲငယ်ထည့်ပါ သမအောင်ထောင်းပေးပါ။
ကြက်သွန်ညက်ပြီး သကြား/ထန်းလျက်ခဲဖြင့် သမပြီဆိုပါက မန်ကျည်းရေထည့်ပါ။ ငံပြာရည် ထည့်ပါ။
အချဉ်နှင့်အငံကို မိမိစိတ်ကြိုက် လိုတိုးပိုလျှော့လုပ်နိုင်ပါတယ်။
နံနံပင်စားပါက နံနံပင်ကို နုတ်နုတ်စင်းပြီးထည့်လို့ရပါတယ်။
ဘူးသီး ကို ရေစင်စင်ဆေးပြီး ခပ်ပါးပါးလေးလှီးထားပါ။
ဆီပူမပူကို မုန့်နှစ်အနဲငယ်ထည့်ပြီးစမ်းပါ။ ဆီပူလာပြီဆိုပါက ဘူးသီးကို မုန့်နှစ်နဲ့နှံနေအောင် နယ်ပြီး
ကြော်ပါ။ အညိုရောင်လေးသမ်းလာပါက ဆယ်ယူပါ။
အိမ်မှာလုပ်တဲ့အကြော်မုန့်နှစ်က ဆိုင်ကမုန့်နှစ်လို ရွှေညိုရောင်အရမ်းကြီးမသမ်းပါ။
အထက်ပါနည်းအတိုင်း ကြက်သွန်ကြော်၊ အာလူးကြော်၊ ကြက်ဟင်းခါးသီးကြော်၊ မြင်းခွာရွက်ကြော် အစရှိသဖြင့် မိမိနှစ်သက်ရာကို ပြင်ဆင်စားသုံးနိုင်ပါတယ်။




Comments