top of page

Graphic design principle

  • Aug 17, 2022
  • 2 min read

မှန်ကန်တဲ့ Design ကိုအသုံးပြုခြင်းက ကိုယ့်ရဲ့ audience တွေအပေါ်မှာ သက်ရောက်မှုအများပြားရှိပါတယ်။ ဒီဘက်ခေတ်မှာတော့ သုံးပြုသူတွေက အင်တာနက်ပေါ်မှာအချိန်အများအပြားအသုံးပြုလေ့ရှိကြပါတယ်။ဒါကြောင့် Digital Media တွေက ကိုယ့်ရဲ့ Audience နဲ့ ထိတွေ့ဆက်သွယ်နိုင်ဖို့နဲ့ Customerအသစ်တွေအများအပြားရရှိနိုင်ရန် အသုံးပြုသင့်တဲ့ အကောင်းဆုံး ကြားခံတစ်ခုဖြစ်လာပါတယ်။ အထူးသဖြင့်တော့ Mobile Device တွေကိုအသုံးပြုသူများပြားလာတာနှင့်အမျှ Digital Media ဖြင့်အပြန်အလှန်ဆက်သွယ်ခြင်းက အကောင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းတစ်ခုဖြစ်လာပါတယ်။



ဒီလိုအခြေနေတွေများလာနှင့်အမျှ Visual အပိုင်းကိုပိုမိုကောင်းမွန်အောင် မြှင့်တင်လာကြပါတယ်။

visual ကောင်းခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

  • ကိုယ်ပေးချင်တဲ့ message ကိုရှင်းရှင်းလင်းလင်းသိစေပါတယ်။

  • Customer နှင့် ကိုယ့်အကြား ယုံကြည်မှုပိုကောင်းလာနိုင်စေပါတယ်။

  • စာအပိုဒ်လိုက်အရှည်ကြီးကိုဖတ်ပြီးမှနားလည်တာမျိုမဟုတ်ဘဲ လိုရင်းတိုရှင်းဖြစ်စေပါတယ်။

    • ဥပမာ 50% စျေးလျှော့ပေးနေပါပြီဆိုတာထက် ပုံပေါ်တွင် -50% လို့ရေးခြင်ကပင် ထိရောက်မှုကွဲပြားပါတယ်။

Design မကောင်းတာ မသင့်တော်တဲ့ graphic တွေကိုအသုံးပြုခြင်းက ကိုယ့် brand ကို negative effect သက်ရောက်စေပါတယ်။

Color Theory

Design တစ်ခုမှာ အရေးပါတဲ့အပိုင်းတွေအနေနဲ့ Color, imagery, Typography နဲ့ composition တွေပါဝင်ပါတယ်။ Color က Brand ကို လူကြိုက်များအောင်ဆွဲဆောင်ပေးနိုင်ပါတယ်။ ကိုယ်ပြောချင်တဲ့ meaning တစ်ခုကို ပုံဖေါ်ပေးနိုင်သလို User ကို တိကျတဲ့ အချက်အလက်ပေးနိုင်ပါတယ်။


Color နဲ့ပတ်သက်ပြီး အဓိကသတိထားသင့်တာတော့ contrast ဖြစ်ပါတယ်။ ဘယ်အရောင်က နောက်တစ်ခြားဘယ်အရောင်နဲ့ပေါင်းစ်ရင် ထင်ရှားစေသလဲ၊ အမြင်မှာသိသာစေသလဲဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစာသင့်ပါတယ်၊။ ဘယ်လိုအခြေနေတွေမှာလဲဆိုတော့ Text က background အရောင်ပေါ်မူတည်ပြီး သိသာထင်ရှားစေတာ၊ ဖတ်ရလွယ်ကူစေတာ၊ သတိပြုစေတာမျိုးဖြစ်စေပါတယ်။ Complementary color အတွဲအစပ်ကိုသဘောပေါက်နားလည်ဖို့လိုအပ်ပါတယ်။


လူသုံများတဲ့ Complementary color အတွဲအစပ်တွေကတော့

  • yellow + purple

  • blue + orange

ဒီအတွဲတွေက တစ်ခုနဲ့တစ်ခုကြား contrast အမြင့်ဆုံးအတွဲအစပ်တွေဖြစ်ပါတယ်။

High contrast နဲ့ Low contrast ပေါ်မူတည်ပြီး user တွေကို Action တစ်ခုခုလုပ်စေချင်တဲ့ guide line ပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။


ကိုယ့်အနေနဲ့ action တစ်ခုခုကို သေချာပေါက် လုပ်စေချင်တယ်ဆိုပါက High contrast ကိုအသုံးပြုပြီး CTA button ဒါမှမဟုတ် Action button တစ်ခုကို design ဆွဲသင့်ပါတယ်။ Color wheel ကိုအသုံးပြုပြီးတော့လဲ အရောင်တွေဘယ်လိုတွဲစပ်သုံးသင့်လဲဆိုတာအလွယ်တကူသတ်မှတ်နိုင်ပါတယ်။


ဒါ့အပြင် အရောင်တိုင်းမှာကိုယ်ပိုင်သတ်မှတ်ချက်ရှိတယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဥပမာ green color ဆိုတာက success, accept ဆိုတဲ့သဘောရှိပါတယ်။ ဒီနေရာမှာ Accept button ကို အနီရောင် background သုံးထားမယ်ဆိုရင် အသုံးကပြူသူအနေနဲ့စိတ်ရှုပ်ထွေးစေမှာအသေအချာပင်ဖြစ်ပါတယ်။

Designer အနေနဲ့ ရောင်တစ်ခုစီရဲ့ ဂုဏ်သတ္တိတွေ , warm color cool color တွေကို အခြေခံအားဖြင့်သိရှိထားဖို့လိုအပ်ပါတယ်။


Combination

ကိုယ့်အနေနဲ့ အသုံးပြုမယ့် color, imagery, Typography သတ်မှတ်ပြီးပြီဆိုပါက၊ ဒီအရာတွေကို တစ်နေရာတည်းမှာ အကောင်းဆုံးနှင့်အရှင်းလင်းဆုံး ဘယ်လိုပေါင်းမလဲဆိုတာကို စတင်နေရာချလို့ရပါပြီ။

ကိုယ့်ရဲ့ design က simple + elegant ဖြစ်ဖို့ကို အခြေခံထားပြီးတော့ ပြင်ဆင်သင့်ပါတယ်။


ရှုပ်ပွနေတဲ့ အပိုင်းတွေနဲ့ visual noise အပိုင်းတွေကို ဖယ်ရှားပြစ်ခြင်းက User ကို တစ်ကြိမ်လျှင် အလုပ်တစ်ခုကို သေချာအာရုံစိုက်စေနိုင်ပါတယ်။ ကိုယ့်ရဲ့ content မှာမလိုအပ်တဲ့ information တွေပါနေလား၊ logical အရ အစီစဉ်တကျ data တွေကို ဖော်ပြထားသလားဆိုတဲ့အချက်ကိုလဲ ထည့်သွင်းစဉ်းစားသင့်ပါတယ်။

Setup Goal

Graphic design content အစိတ်အပိုင်းတစ်ခုစီက purpose တစ်ခုအနေနဲ့ရှိရပါမယ်။ ကိုယ်က design တစ်ခုစပြီးတော့ ဆွဲတာနဲ့ ဒီ design ရဲ့ purpose ကဘာလဲဆိုတာကို သေချာနားလည်ထားဖို့လိုပါတယ်။

user ကို action တစ်ခုခုလုပ်စေချင်တာလား၊ information ပေးချင်တာလား၊ စာကိုအဆုံးထိဖတ်စေချင်တာလား၊ Form ဖြည့်စေချင်တာလား အစရှိသဖြင့် Goal ကို သိရှိထားဖို့လိုပါတယ်။

Design က simple + elegant ဖြစ်ဖို့ကိုလိုအပ်တဲ့ အဓိကအချက် ၂ ချက်ရှိပါတယ်

  • White space လုံလုံလောက်လောက်ထားပါ။

  • ကိုယ်သေချာပေါက်လိုအပ်တဲ့အရာကလွဲရင် တစ်ခြားအချက်အလက်မပါဘူးဆိုတာသေချာပါစေ။

မှန်ကန်တဲ့ Color, imagery, Typography နဲ့ composition တွေကို အသုံးပြုဖို့ကတော့ Graphic design ရဲ့ မရေးကြီးတဲ့ စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။


Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page