မနက်စာအတွက် Oat ကို ဘယ်လိုပြင်ဆင်ချက်ပြုတ်ကြမလဲ?
- May 25, 2022
- 2 min read
အုတ်ဂျုံမှာအာဟာရဓာတ်နှင့် အမျှင်ဓာတ်များ ပြည့်ဝစွာပါဝင်ပြီး အာဟာရဓာတ် အပြည့်ဝဆုံး အစားအစာများထဲမှ တစ်ခုဖြစ်ပါတယ်။ ဝိတ်ကျဖို့ ကြိုးစားနေသူတွေအတွက် အကောင်းဆုံး မနက်စာ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်ပါတယ်။
Oats ကို စားသုံးပေးခြင်းဖြင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့
ကိုယ်အလေးချိန်ကိုလျှော့ချပေးနိုင်ပါတယ်
နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်
သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်ပါတယ်

Oatmeal အမျိုးအစားတွေကတော့
Oat Groats
Groats သည် oatmeal အမျိုးအစားများထဲမှာ အသန့်စင်ဆုံးပုံစံဖြစ်သည်။အခွံခွာထားသော Oat ဂျုံအဆန်များဖြင့် ပြုလုပ်ထားပြီး Groats များကို ပြုပြင်မှု အနည်းငယ်သာ ပြုလုပ်ထားသောကြောင့် ကျန်းမာရေးနှင့် အညီညွတ်ဆုံး oatmeal ဖြစ်ပါတယ်။ အစေ့အဆန်များစွာပါဝင်သောကြောင့်အာဟာရဓာတ်များ စွာပါဝင်ပါတယ်။ Oat Groats သည် အခြားအမျိုးအစားများထက် ချက်ပြုတ်ပြင်ဆင်ချိန်ပိုကြာပါတယ်။ Oatmeal ကိုပြင်ဆင်ရန် အကောင်းဆုံးနည်းလမ်းကတော့ အလယ်အလတ်အပူချိန်ဖြင့် ချက်ပြုတ်ပြီး မီးအေးအေးဖြင့် ၁ နာရီကျော်ခန့်ချက်ပြုတ်ပေးဖို့လိုပါတယ်။
oat groats ကို ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်တာတွေကတော့
oat groats 1 ခွက်
ရေ 4 ခွက်
ဆား ¼ လက်ဖက်ရည်ဇွန်း
ဘလူးဘယ်ရီ ခွက်တစ်ဝက်
စတော်ဘယ်ရီ ခွက်တစ်ဝက်စာ လှီးဖြတ်ထားပါ။
ဗာဒံနို့ ၂ ခွက် သို့မဟုတ် နွားနို့
အိုးတစ်လုံးထဲသို့ ဂျုံ၊ ရေနှင့် ဆားထည့်ပါ။ (oat groats တွင် 1 ဆ oat groats : ရေအချိုးအစား 4 ဆထည့်ရပါမယ်)။
ပွက်ပွက်ဆူလာလျှင် အပူလျှော့ကာ အဖုံးအုပ်ပြီး ~ 60 မိနစ်ခန့် မီးဖိုပေါ်တင်ထားပြီး ခဏခဏမွှေပေးပါ။
အချိုအရသာအတွက် အသီးအနှံ၊ အခွံမာသီး သို့မဟုတ် ပျားရည် မိမိကြိုက်နှစ်သက်ရာကို ထည့်ပါ။
အပေါ်မှာနွားနို့ထပ်လောင်းပြီးရင်တော့ အဟာရပြည့်ဝတဲ့ oat groats ကို ပြင်ဆင်လို့ပြီးပါပြီ။
Steel Cut Oats
အိုင်ယာလန် oats လို့လည်း လူသိများတဲ့ Steel Cut Oats တွေဟာ ဒုတိယ ကျန်းမာရေး အကောင်းမွန်ဆုံး oatmeal အမျိုးအစားဘဲဖြစ်ပါတယ်။ ဂျုံများကို အခွံခွာပြီး စတီးလ်ကြိတ်စက်ဖြင့် အပိုင်းပိုင်းဖြတ်ထားတဲ့ oat အမျိုးအစားဖြစ်ပါတယ်။ အာဟာရအလွန်ပြည့်ဝပြီး အရသာရှိပြီး ချက်ပြုတ်ရလွယ်ကူတာကြောင့် လူအများစုကြိုက်နှစ်ကသက်ကြတဲ့ oat အမျိုးအစားဖြစ်ပါတယ်။
Steel Cut oats ကို ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်တာတွေကတော့
ရေ 2 ခွက် ခွဲ( လိုအပ်ပါကထပ်ထည့်နိုင်ပါတယ်)။
နွားနို့ 1 ခွက်
Steel Cut Oats 1 ခွက်
ဆား လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
အသီးအနှံများကိုမိမိစိတ်ကြိုက်ထပ်ထည့်နိုင်ပါတယ်။
ရေ 2 ခွက် ခွဲ ခွက်နှင့် နွားနို့ကို အိုးထဲတွင် ထည့်ပါ။ မီးအပူပြင်းပြင်းဖြင့်ဆူအောင်တည်ပါ။ ဆူပွက်လာပြီဆိုပါက ဂျုံနှင့် ဆားတို့ကို ထည့်ပြီးသမအောင်မွှေပေးပါ။ အဖုံးအုပ်ပြီးရေဆူလာရင် မီးအေးအေးဖြင့် ၂၅ မိနစ်လောက်ထားပေးပါ။ Oat ကအအမြှုပ်လျှံကျတတ်တာဖြစ်တဲ့အတွက် အိုးအဖုံးကိုအနည်းငယ်ဟထားပေးပါ။
အချိုအရသာအတွက် အသီးအနှံ၊ အခွံမာသီး သို့မဟုတ် ပျားရည် မိမိကြိုက်နှစ်သက်ရာကို ထည့်ပါ။
အပေါ်မှာနွားနို့ထပ်လောင်းပြီးရင်တော့ အဟာရပြည့်ဝတဲ့ Steel Cut oats ကို ပြင်ဆင်လို့ပြီးပါပြီ။
Rolled Oats
Rolled Oats ကတော့ လူသုံးအများဆုံးအမျိုးအစားထဲမှာပါဝင်ပါတယ်။ အစေ့အဆန်များကို ပေါင်ပြီးတော့ အပြားလိုက်ဖြစ်အောင်ဖိထားတဲ့အတွက်ကြောင့် Rolled Oat လို့ခေါ်ကြပါတယ်။ Steel cut oats တွေထက် ချက်ပြုတ်ရတာပိုမိုမြန်ဆန်ပါတယ်။ အလျင်လိုပြီး မိနစ်အနည်းငယ်အတွင်း မနက်စာလိုတယ်ဆိုရင်တော့ Rolled oats က ရွေးချယ်ပြင်ဆင်သင့်ပါတယ်။
Rolled Oats ကို ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်တာတွေကတော့
ဆား လက်ဖက်ရည်ဇွန်း 1/4
Rolled Oats ၁ ခွက်
ရေ 2 ခွက်
အိုးထဲတွင်ရေနှင့် ဆားတို့ကိုထည့်ပြီး ဆူအောင်တည်ပေးပါ။ ရေဆူလာပါက Rolled oats ကိုထည့်ကာ ဆူအောင်တည်ထားရန် အပူကိုလျှော့ချပြီး 10-20 မိနစ်ပြုတ်ပါ။ ခဏခဏ မွှေပေးပါ။
မိုက်ခရိုဝေ့ဖ်ဖြင့်ချက်ပြုတ်လိုပါက - ဇလုံကြီးတစ်ခုထဲတွင် oats 1/2 ခွက်နှင့် ရေ 1ခွက်ခွဲ တို့ကို ရောမွှေပါ။ အဖုံးအုပ်ပြီး မိုက်ခရိုဝေ့ဖ်တွင် ၃ မိနစ်မှ ၅ မိနစ်ခန့်ထားပါ။
အချိုအရသာအတွက် အသီးအနှံ၊ အခွံမာသီး သို့မဟုတ် ပျားရည် မိမိကြိုက်နှစ်သက်ရာကို ထည့်ပါ။
အပေါ်မှာနွားနို့ထပ်လောင်းပြီးရင်တော့ အဟာရပြည့်ဝတဲ့ Rolled oats ကို ပြင်ဆင်လို့ပြီးပါပြီ။
Instant Oats
Instant Oats ကတော့ ချက်ပြုတ်ပြင်ဆင်ချိန်အနဲဆုံး oat အမျိုးအစားဖြစ်ပါတယ်။ Rolled Oats ကို သေးသေးလေးတွေဖြစ်အောင် စက်ဖြင့် အပိုင်းပိုင်းဖြတ်ထားတဲ့ oat အမျိုးအစားဖြစ်ပါတယ်။
Instant Oats ကို ပြင်ဆင်ချက်ပြုတ်ဖို့ လိုအပ်တာတွေကတော့
Oats ၁/၂ ခွက်
ရေ သို့မဟုတ် နို့ ၁ ခွက်
ရေနွေးဆူဆူ ဒါမှမဟုတ် နွားနို့ ပူပူထည့်ထားတဲ့ ခွက်ထဲကို oats ကိုရောမွှေပါ။
မိုက်ခရိုဝေ့ဖ်ဖြင့်ချက်ပြုတ်လိုပါက - ရေ သို့မဟုတ် နို့၊ ဆားနှင့် oats တို့ကိုဇလုံတစ်ခုထဲတွင် ရောမွှေပါ။ မိုက်ခရိုဝေ့ဖ်တွင် HIGH tempearature ဖြင့် 1-1/2 မှ 2 မိနစ်ခန့်ထားပါ။
အချိုအရသာအတွက် အသီးအနှံ၊ အခွံမာသီး သို့မဟုတ် ပျားရည် မိမိကြိုက်နှစ်သက်ရာကို ထည့်ပါ။
အဟာရပြည့်ဝတဲ့ Instant Oats ကို ပြင်ဆင်လို့ပြီးပါပြီ။




Comments