မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေနဲ့ mayonnaise လုပ်ကြည့်ရအောင်
- May 24, 2022
- 1 min read
ပါဝင်ပစ္စည်းများနဲနဲနှင့် ရိုးရှင်းပြီး မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေနဲ့ mayonnaise လုပ်ကြည့်ရအောင်။ Mayonnaise ကို အရွက်သုပ်၊ burgers နှင့် sandwiches တွေပြင်ဆင်ရာမှာအသုံးပြုကြပါတယ်။ Mayonnaise ကို ပါဝင်ပစ္စည်း အနဲဆုံးနဲ့ အိမ်မှာဘဲအလွယ်တကူပြုလုပ်နိုင်မယ့်နည်းလမ်းကိုပြောပြပေးပါမယ်။

Mayonnaise လုပ်ဖို့ အဓိကပါဝင် ပစ္စည်းတွေကတော့
၁။ ကြက်ဥအနှစ် ၂ လုံး
၂။ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်
၃။ သံပုရာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း (သို့မဟုတ် ရှာလကာရည်)
၄။ နေကြာဆီ 250 ml လိုအပ်ပါတယ်
Step 1 :
ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥအနှစ်နှင့် ဆားရောမွှေပါ။ ကြက်ဥအနှစ်အနဲဆုံး ၃ မိနစ်လောက်မွှေပေးပါ။
ကြက်ဥအနှစ်ပွလာပြီဆိုရင် ဆီကို ထမင်းစားဇွန်းနှင့် တစ်ဇွန်းထည့်အဆက်မပြတ်မွှေပေးပါ။ ကြက်ဥနှင့်ဆီလုံးဝရောသွားသည်အထိ မွှေပြီးနောက် နောက်ထပ်အနည်းငယ်ထပ်ထည့်ကာ အနှစ်နှင့်ဆီများ ပေါင်းစပ်ကာ ထူလာသည်အထိ ဆက်တိုက်မွှေပေးပါ။
ထိုနည်းအတိုင်း ဆီအနည်းငယ်ထည့်လိုက်မွှေးလိုက်ကို ၁၅ မိနစ်ခန့်ကြာအောင်မွှေေးပါ။
အနှစ်ကယခုလိုအနေအထားရောက်လာပြီဆိုရင်တော့ မိမိနှစ်သက်ရာ ငြုပ်ကောင်း၊ ကြက်သွန်ဖြူ ထည့်လို့ထပ်ပြီးထည့်လိုက ထည့်ပြီး သမအောင်မွှေပါ။

Step 2 :
ရှာလကာရည် (သို့) သံပုရာရည်ကို ထည်ါ့ပြီး သမအောင် ၃ မိနစ်ခန့်မွှေပေးပါ။ လေလုံသောဘူးထဲသို့ထည့်ပြီး ရေခဲသေတ္တာထဲတွင် ၂ ပတ်အထိထားပြီးအသုံးပြုနိုင်ပါတယ်။ တစ်ကယ်လို့ mayonnaise ထဲ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်ထည့်ပြီး ပြုလုပ်ပါက ၁၀ ရက်အခန့်သာထားပေးပါ။
Mayonnaise ပြုလုပ်ရာမှာသတိထားသင့်တဲ့အချက်တွေကတော့
၁။ အခန်းအပူချိန်မှာထားတဲ့ ကြက်ဥကို အသုံးပြုပါ။ ရေခဲသေတ္တာထဲမှာ သိမ်းထားတဲ့ ကြက်ဥကိုအသုံးပြုပါက Mayonnaise ကကိုယ်လိုချင်သလိုအနှစ်မရဘဲ အရည်ကျဲဖြစ်တတ်ပါတယ်။
၂။ ဆီကို နဲနဲနစီသာထည့်ပြီးမွှေပေးပါ။ တစ်ကြိမ်လျှင် အနည်းငယ်စီ ဇွန်းနှင့်ခပ်လိုက်မွှေးလိုက် ပြုလုပ်ခြင်ဂသည် အကောင်းဆုံးဖြစ်ပါတယ်။
၃။ လတ်ဆတ်သော သံပုရာရည်ကိုသာ အသုံးပြုပါ။ သံပုရာရည်မရှိမှ ရှာလကာရည်ကိုအသုံးပြုပေးပါ။
၄။ hand mixer ဒါမှမဟုတ် ကြက်ဥခေါက်တံကိုသာ အသုံးပြုပြီး စိတ်ရှည်ရှည်နှင့် အဆက်မပြတ်မွှေပေးပါ။
Mayonnaise က အရမ်းပျစ်နေရင် - Mayonnaise က အရမ်းပျစ်နေတယ်ဆိုရင်တော့ ရေကျက်အေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့် ကို ဖြေးဖြေးချင်းထည့်ပြီး မွှေပေးပါ။
Mayonnaise က အရမ်းကျဲနေရင် - Mayonnaise က အရမ်းကျဲနေတယ်ဆိုရင်တော့ နောက်ထပ် ကြက်ဥအနှစ်ထပ်ထည့်ပြီး အရှိန်ပြင်းပြင်းမွှေပေးခြင်းဖြင့်ဖြင့်ပြုပြင်နိုင်ပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မထူတော့ဘဲ အရည်ကျဲကျဲ ကျန်ခဲ့ရင်တော့ အစကနေပြန်စဖို့ လိုပါလိမ့်မယ်။
ဒီအခြေခံ Mayonnaise ပြုလုပ်နည်ပေါ်မူတည်ပြီး တစ်ခြားအရသာရှိသော mayonnaises များကိုပြုလုပ်နိုင်ပါတယ်။
Garlic Aioli: Add finely minced garlic and an optional dab of Dijon mustard.
Tarragon Aioli: Add minced garlic and fresh tarragon.
Sriracha Aioli: Add sriracha and lime juice.
Remoulade: Add cornichons, fresh dill, capers, lemon juice, Dijon mustard, galic, and cayenne peper
Lime Mayo: Add minced red onion, lime juice, garlic, and lime juice.
Chipotle Mayo: Add chipotles chilies and adobo sauce.
Vegan Mayo: Blend soy milk, apple cider vinegar, Dijon mustard, salt, and sunflower oil.





Comments