top of page

Email Template Design Basic

  • Aug 16, 2022
  • 2 min read

Updated: Aug 17, 2022

Email marketing ဆိုတာကတော့လူတိုင်းနီးပါးရင်းနှီးတဲ့ marketing အမျိုးအစားတစ်ခုဖြစ်ပါတယ်။

အရင်ကဆိုရင်တော့ Mail တွေကို user ကိုပို့တဲ့ အခါ plain text အတိုင်းပို့ကြပါတယ်။ နောက်ပိုင်းမှာတော့ Mail တွေကို plain text အတိုင်မပို့ဘဲ manage လုပ်ဖို့လွယ်ကူစေရန်နှင့် user ကရှင်းရှင်းလင်းလင်း အချက်အလက်ကို သိရှိစေရန်အတွက် Email template များကို အသုံးပြုလာကြပါတယ်။ ကောင်းမွန်တဲ့ Email template design တစ်ခုက ရိုးရှင်းပြီး ကိုယ်က user ကိုပြောချင်တဲ့ ရည်ရွယ်ချက်၊ meaningတစ်ခုခုကိုကောင်းကောင်းပုံဖော်နိုင်ပါတယ်။



Email template တွေဟာ အခြေခံအားဖြင့်

  • ရှင်းလင်းရမယ်

  • တစ်သတ်မတ်တည်းဖြစ်ရမယ်

သတ်မှတ်ချက် နှစ်မျိုးနဲ့ကိုက်ညီရပါမယ်။

Email template outline တစ်ခုဘယ်လို ရေးဆွဲကြမလဲ

Email template outline တစ်ခုမှာ ဒီ mail က ကိုယ့်အနေနဲ့ ဘာကို target ထားပြီး ပို့မယ် ဆိုတဲ့ goal တစ်ခုရှိရပါမယ်။ ကိုယ်က user ထံပေးပို့ချင်တဲ့ message၊ mail body content ကို သတ်မှတ်ရမယ်။message တစ်ခုက ကြည့်လိုက်တာနဲ့ နားလည်လွယ်ရမယ်။ ဒါငါ့ကို လျှော့စျေးပေးနေတယ်ဆိုတာလာပြောတာ။ ဒါငါ့ကို ထုတ်ကုန်အသစ်အကြောင်းလာမိတ်ဆက်တာ။ အစရှိသဖြင့် Mail တစ်ခုလုံကို အကြမ်းဖျင်းကြည့်တာနဲ့တင် နားလည်လွယ်ကူဖို့လိုအပ်ပါတယ်။ Mail ကို စဖွင့်တာနဲ့ user ကို ဘာအရင်သတိထားမိစေချင်လဲပေါ်မူတည်ပြီး Mail template outline ကိုပြင်ဆင်သင့်ပါတယ်။


ကိုယ်က user ကိုဆက်သွယ်တဲ့အခါသင့်တော်တဲ့ tone နဲ့ ဆက်သွယ်နိုင်ဖို့လဲလိုပါတယ်။ request mail, information mail, confirmation mail အစရှိသဖြင့် Goal တစ်ခုနဲ့တစ်ခုပေါ်မူတည်ပြီး သင့်တော်တဲ့ tone ကိုအသုံးပြုသင့်ပါတယ်။


နောက်တစ်ချက်ကတော့ user ကို ကြုံရာကျပမ်းမဟုတ်ဘဲ သတ်မှတ်ထားတဲ့ user သတ်မှတ်ထားတဲ့ information ပို့ပေးနေတာဖြစ်တယ်ဆိုတာကို user က သတိပြုမိစေတဲ့ Mail ဖြစ်ဖို့လိုအပ်ပါတယ်။ Mail တစ်ခုက Hello, ဆိုပြီးအစပြုတာထက် Hello User First name နဲ့စတာက user ကို ပိုမိုအကျွမ်းတဝင်ဖြစ်သလိုခံစားစေနိုင်ပါတယ်။


နောက်ဆုံးတစ်ချက်ကတော့ ကိုယ့် mail ကို သက်ဆိုင်ရာ ဘာသာစကားအလိုက် စာလုံးပေါင်းနဲ့ စကားအထားအသိုမှန်မမှန် proof read ဖို့လိုအပ်ပါတယ်။ ဒီအချက်ကတော့ ကိုယ့်မိခင်ဘာသာစကားမဟုတ်ဘဲ တစ်ခြားဘာသာစကားကိုအသုံးပြုပြီး mail ပြင်ဆင်တဲ့အချိန်မှာအထူးသတိထားသင့်ပါတယ်။


ကိုယ့် mail ရဲ့ target တွေ goal တွေ ကိုယ်ဘယ်လို mail အမျိုးအစားတွေကိုအသုံးပြုပြီး user နဲ့ဆက်သွယ်မယ်ဆိုတာ ဆုံးဖြတ်ပြီးရင်တော့။ Template Design အပိုင်းစပြီးပြင်ဆင်လို့ရပါပြီ။


Mail template design ဆွဲရာမှာတော့ သတိထားရမယ့်အချက်က design က consistency ဖြစ်ရပါမယ်။

Design Consistency ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ branding ဖြစ်တဲ့ logo, color တွေသာမကဘဲ device အမျိုးမျိုးအပေါ်မှာလဲထည့်သွင်းစဉ်းစားသင့်ပါတယ်။ ကိုယ်က mail template တစ်ခုမှာ logo ကို အပေါ်မှာထားမယ် ဆိုရင် နောက် template တွေမှာလဲတစ်သတ်မတ်တည်းဖြစ်ရပါမယ်။ ထိုနည်းတူ ကိုယ်က desktop user ကို ပို့တဲ့ information ဟာ mobile user ကိုပို့တဲ့ information နဲ့တူတူဖြစ်နေရပါမယ်။

ဒီနေရာမှာ information ဆိုတာကတော့ mail ကိုဖတ်တဲ့လူက နားလည်သဘောပေါက်နိုင်တဲ့အချက်အလက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။


ဥပမာ : mail တစ်ခုကို user က desktop ကနေဖတ်လိုက်တဲ့အခု ဒီ mail က ထုတ်ကုန်အသစ်တစ်ခုအကြောင်မိတ်ဆက်တာဘဲလို့ယူဆပြီး mobile ကနေဖတ်တဲ့အခု ဒီmail က ထုတ်ကုန်အသစ်မဟုတ်ဘဲ လက်ရှိကုန်ပစ္စည်းကို အဆင့်မြှင့်လိုက်တာလို့ယူဆသွားမယ်ဆိုရင်တော့ ဖတ်ရှူသူစိတ်ထဲ ဒွိဟဖြစ်ပြီး ကိုယ်သွားချင်တဲ့ target ကိုမရောက်ဖြစ်နိုင်ပါတယ်။


Mail target တွေပေါ်မူတည်ပြီး အကြမ်းဖျင်းအနေနဲ့ သုံးသင့်တဲ့ outline အမျိုးအစားတွေကတော့


  • One to One mail တွေဆိုရင်တော့ plain text format ဖြင့်အသုံးပြုသင့်ပါတယ်

  • Welcome mail တွေဆိုရင်တော့ user နဲ့အခုမှ စပြီး conversation စတာဖြစ်တဲ့အတွက် design ကအရေးပါပါတယ်။ အတတ်နိုင်ဆုံး ကိုယ်သွားချင်တဲ့ goal ကို ရှင်းရှင်းလင်းလင်း communicate ဖို့လိုအပ်ပါတယ်။ User ကို ကိုယ့်အနေနဲ့ CTA button ကိုနှိပ်စေချင်တယ်ဆိုရင် မြင်သာထင်သာပြီး ဒါဟာ button ဘဲလို့ ပေါ်လွင့်စေတဲ့ design မျိုးကိုသုံးသင့်ပါတယ်

  • Coupon mail တွေဆိုရင်တော့ သတိထားရမှာက coupon code ကိုရှင်ရှင်းလင်းလင်းဖြစ်စေဖို့နဲ့ သုံးရလွယ်စေဖို့ ကိုအဓိကထားပြီး design ဆွဲသင့်ပါတယ်။ ပြီးတော့ user အနေနဲ့ code ကိုအသုံးပြုပြီး ဘာတွေခံစားပိုင်ခွင့်ရှိပါတယ်ဆိုတာကိုလဲ တန်းပြီးမြင်သာထင်သာရှိစေဖို့လိုအပ်ပါတယ်။

    • ဥပမာ ကိုယ်က coupon cod - xxxx ကိုသုံးပါ လျှော့စျေးရပါမည်ဆိုရင် user က ဒီ coupon ကိုသုံးပြီးကိုယ်အနေနဲ့ ဘယ်လောက်ထိသက်ခွင့်ခံစားရနိုင်တယ်ဆိုတာ တိတိကျကျမသိနိုင်ပါ၊ coupon cod - xxxx ကိုသုံးပါ ၅၀%လျှော့စျေးရပါမည်ဆိုပြီး informationပေးသင့်ပါတယ်။ ဒါအပြင် Mail မှာအသုံးပြုတဲ့ ပုံတွင်လဲ 50% discount ကိုမြင်တာဖြင့် တန်းသိနိုင်အောင် ထည့်သွင်း စဉ်းစားပြီးပြင်ဆင်သင့်ပါတယ်။

  • Report Mail တွေဆိုရင်တော့ ကြည့်ရမြင်ရလွယ်ပြီး user ကပြန်လည်အသုံးပြုလို့ရတဲ့ graph, chart တွေပါသင့်ပါတယ်။

  • Information Mail တွေဆိုရင်တော့ တိုတိုနဲ့လိုရင်းရောက်စေတဲ့ စာနှင့်ပုံ မျိုးကိုအသုံးပြုသင့်ပါတယ်။

ဒီအချက်တွေကတော့ mail template design ပြင်ဆင်တဲအခါ သတိထားရမယ့်အချက်တွေဘဲဖြစ်ပါတယ်။

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page