top of page

အိမ်မှာနေရင်း Exercise လုပ်ချင်သူတွေအတွက်အဆင်ပြေတဲ့ FitOn Workouts and Fitness Plans

  • Mar 23, 2022
  • 1 min read

၂၀၂၁ မှာတော့ Covid 19ကပ်ရောဂါကြောင့် social distancing လုပ်ရတဲ့အတွက် GYM ကစားတာ၊ Yoga ကစားတာ အစရှိတဲ့ ကိုယ်လက်လှုပ်ရှားအားကစားတွေလဲရပ်နားထားရပါတယ်။ အိမ်မှာနေရင် Exercise လုပ်ချင်တာ Workout ကို အခုမှစလုပ်ချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ application တစ်ခုအကြောင်း sharing လုပ်ပေးချင်ပါတယ်။


Application လေးကတော့ FitOn - https://fitonapp.com/ ဖြစ်ပါတယ်။

FitOn ရဲ့ အားသာချက်တွေကတော့ Workout application တော်တော်များများက များသောအားဖြင့် Cardio, Hit Exercise လောက်သာအတူတူပါတတ်ကြပေမယ့် Yoga, Plates ဆော့ချင်တဲ့သူတွေကတော့ နောက်ထပ် app တစ်ခုကနေ ဆော့ရတာမျိုး ကြုံတွေရတတ်ပါတယ်။

ဒါ့အပြင်ကိုယ် focus ထားချင်တဲ Target Area, ကိုယ်ကစားနိုင်မယ့်ကြာချိန်, Intensity level, Trainer အစရှိသဖြင့် မိမိစိတ်တိုင်းကျ ရွေးစချယ်ပြီး Workout လုပ်နိုင်ပါတယ်။

ဒါတွေအပြင်ကို မိမိ target ထားလိုတဲ့ fitness goal အပေါ်မူတည်ပြီး application ကနေ exercise video တွေကိုလဲ တစ်ပါတ်စာ plan ပေးပါတယ်။ နေ့စဥ် ကိုယ်လုပ်ခဲ့တဲ့ exercise တစ်ခုရဲ့ ကြာချိန် calories လောင်ကျွမ်းမှုကိုလဲ မှတ်သားပေးထားပြီး နားလည်ရလွယ်တဲ Grid data အနေနဲ့ ထုတ်ကြည့်လို့ရနိုင်ပါတယ်။ တစ်ပါတ်စာ weekly progress, weekly goal တွေလဲအလွယ်တကူကြည့်လို့ရပါတယ်။


FitOn ကနေ ကိုယ့်အသိမိတ်ဆွေတွေကို invite လုပ်လို့ရပါတယ်။ အချင်းချင်းတစ်နေ့ ဘယ်လို Exercise တွေကစားတယ်၊ ကိုယ့်အသိမိတ်ဆွေတွေကို ကစားဖို့အကြံပြုချင်တဲ့ Exercise တွေကိုလဲ invite လို့ရပါတယ်။

ဝိတ်ချလိုသူတွေအနေနဲ့လဲ ကိုယ်ရဲ့ ကိုယ်မအလေးချိန်ကို အမြဲမှတ်သားထားနိုင်တဲ့အတွက် target goal ကိုမြန်မြန်ရောက်ဖို့အကူအညီပေးနိုင်ပါတယ်။ ဒါတွေအပြင်ကို ကိုယ်ကစားခဲ့တဲ့ Exercise တွေပေါ်မူတည်ပြီး Achievements တွေလဲပေးပါတယ်။

တစ်ခြား application တွေနဲ့မတူဘဲ FitOn ကပေးတဲ့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ Service တစ်ခုကတော့ Meal Plan ဖြစ်ပါတယ်။ ကိုယ်ရဲ personalize program ပေါ်မူတည်ပြီ မနက်စာ၊ နေ့လယ်စာ၊ ညစာနဲ့Snack တွေကို တစ်ပါတ်စာ plan ပေးပါတယ်။

ဒါကတော့ Workout ကို အခုမှစလုပ်မယ်စီစဉ်ထားတဲ့သူတွေ ဝိတ်ထိန်းလိုသူတွေအတွက် အထောက်အကူဖြစ်စေနိုင်ဖို့ရည်ရွယ်ပြီးမျှဝေလိုက်ပါတယ်။





Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page