Everything You Need to Know About Getting a Brazilian Wax
- Mar 11, 2022
- 1 min read
Brazilian wax ဆိုတာကတော့ private area hair ကို ရှင်းလင်းခြင်းကိုခေါ်တာပါ။ Private area ကိုတော့တစ်ချို့က အပြောင်ရှင်းလင်းတတ်ကြသလို တစ်ချို့က မိမိစိတ်ကြိုက်နေရာအနည်းငယ်ချန်ပြီးရှင်းလင်းတတ်ကြပါတယ်။

Brazilian wax မလုပ်ခင်ဘာတွေပြင်ဆင်ထားသင်သလဲ?
ကိုယ့်ရဲ့ private area hair ကအနည်းငယ်ဆုံး တစ်လက်မရဲ့လေးပုံတစ်ပုံ ဒါမှမဟုတ် ၁စင်တီမီတာ အရှည်ရှိရပါမယ်။ တစ်ကယ်လို့ ကိုယ့်ရဲ့ private hair က ၁/၂ လက်မထက်ပိုရှည်နေပါက အနည်းငယ်ညှပ်ထားဖို့အကြံပေးချင်ပါတယ်။ ဒါမှသာကိုယ်အသုံးပြုတဲ့ wax က သေသေချာချာကပ်နေမှာဖြစ်ပါတယ်။
ingrown hairs တွေကို ကာကွယ်နိုင်ဖို့အတွက် wax မလုပ်ခင် ၂ ရက်လောက်အလိုမှာ ကိုယ့်ရဲ့ private area ကို နေ့တိုင်း ရေမြှုပ် ဒါမှမဟုတ် အဝတ်သန့်သန့်ကို ဆပ်ပြောအနည်းငယ်နဲ့ scrub လုပ်ပေးပါ။
ကိုယ်နဲ့ သက်တောင်သက်သာဖြစ်စေမယ့် ပွပွချောင်ချောင်အဝတ်အထည်ကိုဝတ်ဆင်ပါ။ ဆိုင်မှာ wax လုပ်မယ်ဆို အတွင်းခံ ချောင်ချောင်ချိချိ ဝတ်ဆင်သွားသင့်ပါတယ်။
ပထမဆုံးအကြိမ် wax လုပ်မယ်ဆို အကိုက်ကဲပျောက်ဆေး နာရီဝက်အလိုကြိုသောက်ထားပေးပါ။ private area ဟာ တစ်ခြား နေရာတွေနဲ့ မတူဘဲ အရည်ပြားနုပြီး နာကျဉ်မှုကို ပိုခံစားနိုင်တဲ့အတွက်ကြောင့် ပထမဆုံးအကြိမ်မှာတော့ တစ်ခြားနေရာတွေနဲ့မတူဘဲ နာကျဉ်မှု အနည်းငယ်ရှိပါတယ်။
Brazilian wax လုပ်ရင် ဘယ်လောက်နာသလဲ?
နာကျဉ်မှုကတော့ တစ်ဦနဲ့တစ်ဦး နာကျင်မှုကို ခံနိုင်ရည်ရှိမှုပေါ်မှာတော့မူတည်ပါတယ်။ private area ဟာ တစ်ခြားနေရာတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင်တော့ နာကျဉ်မှုက အနဲနဲ့အများတော့ရှိပါတယ်။
ပထမဆုံးအကြိမ်ကတော့ နာကျဉ်မှုကအများဆုံးခံစားရပြီး ဒုတိယအကြိမ် တတိယအကြိမ်တွေမှာတော့ တစ်ဖြေးဖြေးသက်သာသွားပါတယ်။
Brazilian wax လုပ်ပြီးတွေဘာတွေဆောင်ရမလဲ ရှောင်ရမလဲ?
ဆီးခုံရိုးတစ်ဝိုက်အနာကျဉ်မှုဒဏ်သက်သာဖို့ အချိန်အနည်းငယ်တော့ လိုအပ်တဲ့အတွက်ကြောင့် sex ကိုတော့ အနည်းဆုံး 24 နာရီ ရှောင်ကြဉ်ဖို့အကြံပေးချင်ပါတယ်။
high-impact workout ကဲ့သို့ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။ အနည်းဆုံး 24 နာရီကြာ ရေကူးခြင်း ရေစိမ်ခြင်းကိုလဲ ရှာင်ကြဉ်သင့်ပါတယ်။
အရမ်းကျပ်တဲ့ အတွင်းခံ၊ ဂျင်းဘောင်ဘီတွေကို ၂ ရက်လောက်မဝတ်ဘဲ ပွပွချောင်ချောင် အတွင်းခံ၊ ဘောင်းဘီ၊ စကတ်များကိုဝတ်ဆင်ပါ။
Brazilian wax က shaving လုပ်တာထက်ဘာတွေပိုပြီးကောင်းလဲ?
wax လုပ်ခြင်းက အမွှေးအမျှင်တွေကို အမြစ်ပါပါအောင် ဖယ်ရှားပြစ်လိုက်တဲ့အတွက် private area မှာ ဝက်ခြံပေါက်ခြင်း၊ အဖုအပိန့်ထွက်ခြင်၊ ingrown hairs ဖြစ်ခြင်းက shaving လုပ်တာနဲ့ ယှဉ်ရင် သိသိသာသာသက်သာပါတယ်။ အသစ်ပြန်ပေါက်လာတဲ့အခါ အများအားဖြင့် အရင်ကထက် ပျော့ပျောင်းပြီး အမွှေးပေါက်နှုန်းနည်းလာပါတယ်။ တတိယအကြိမ်ဆို သိသိသာသာအမွှေးပေါက်နှုန်းနည်းလာတာကို သတိထားမိနိုင်ပါတယ်။
အိမ်မှာ ကိုယ်တိုင် Brazilian wax လုပ်မယ်ဆို ဘာတွေသိထားသင့်သလဲ?
အိမ်မှာကိုယ်တိုင် wax လုပ်မယ့်လူတွေကတော့ ကိုယ်နဲ့ကိုက်ညီမယ့် wax အမျိုးအစားကို အရင်ရွေးခြယ်ထားသင့်ပါတယ်။ wax မလုပ်ခင်မှာ ကိုယ့်ရဲ့ private area ကလုံးဝခြောက်သွေ့နေဖို့လိုအပ်ပါတယ်။
ပျိုမေတွေအားလုံးညီမလေးကို စိတ်တိုင်းကျအလှဆင်နိုင်ကြပါစေ။




Comments