Designing and building graphics
- Aug 17, 2022
- 1 min read
ကိုယ် team က design ဆွဲဖို့ style guide line တွေလဲရှိပြီ၊ Design တစ်ခုစီအတွက်လိုအပ်တဲ့ goal နဲ့ purpose တွေကိုလဲသတ်မှတ်ပြီးပြီဆိုရင်တော့ Graphics design တွေကိုစပြီး build လုပ်လို့ရပါပြီ။

ဒီအခြေနေမှာ ပထမဆုံး ရှိပြီးသား logo တွေနဲ့ ပုံတွေကို သုံးလို့ရလား၊ ဘယ်လိုပုံတွေသုံးရမလဲ အစရှိသဖြင့် ကိုယ့် idea ကို visual အဖြစ်ပြောင်းလဲဖို့ resource များစွာရှိပါတယ်။ အချိန်ကုန်သက်သာပြီး မှန်ကန်တဲ့ Image ကို အသုံးပြုနိုင်ဖို့ဆိုရင်
Style guide ကသတ်မှတ်ထားတဲ့ logo, brand image တွေကိုသုံးမယ်
ရှိပြီးသား ဝယ်ထားပြီးသားထဲက ပြန်လည်အသုံးပြုလို့ရတဲ့ ပုံတွေကိုသုံးမယ်
Web sources ကနေ လိုအပ်တဲ့ ပုံတွေ fonts တွေကို ရှာမယ်
Canva / Pixlr တို့လိုမျိုး free design tools တွေကနေ graphic template တွေကို ကိုးကားမယ်
ဒါ့အပြင် ရှိပြီးသား Graphic design တွေကို ပြန်လည်အသုံးပြုမယ် ( repurposing ) ဆိုတဲ့အချက်ကိုလဲထည့်သွင်းစဉ်းစားသင့်ပါတယ်
Repurposing ရဲ့ အကျိုးကျေးဇူးတွေကတော့
အသစ်တစ်ခုဆွဲရတာထက်ပိုမြန်တယ်
Cost effective ဖြစ်တယ်
Image က တစ်ကြိမ်ထက်ပိုပြီး မြင်တွေ့ရတာကြောင့် user ကို မှတ်မိလွယ်စေပါတယ်
ကိုယ့် resource မှာသာ ကောင်းမွန်တဲ့ evergreen content ရှိတယ်ဆိုပါက လိုအပ်တဲ့အချိန်မှာပြန်လည်အသုံးပြုခြင်းက time နဲ့ budget ကို လျှော့ချပေးနိုင်ပါတယ်။
Canva / Pixlr တို့လိုမျိုး free design tools တွေကနေ လဲအသင့်ဆောက်ပြီးသား premade template တွေကိုအသုံးပြုလို့ရပါတယ်။
သတိထားရမယ့်အချက်တွေကတော့
Image quality က HD ဖြစ်ရပါမယ်
ကိုယ်အသုံးပြုမဲ့ ပုံက Copy Right rule တွေနဲ့ကင်းလွတ်တဲ့ ပုံဖြစ်ရပါမယ်
Prebuild Template တွေကို ကိုးကားပြီးဘဲအသုံးပြုသင့်ပါတယ်။ တိုက်ရိုက်ကူးချတာမျိုးမပြုလုပ်သင့်ပါ
Design consistency ဖြစ်ဖို့သတိပြုသင့်ပါတယ်။
အကျဉ်းချုပ်ဆိုရရင် repurpose design ဒါမှမဟုတ် pre existing template ဘဲသုံးသုံး Effective image နဲ့ background color ကို အသုံးပြုသင့်ပါတယ်။ Font နဲ့ background ရဲ့ color contrast ကို user ဖတ်ရလွယ်နားလည်ရလွယ်အောင် အသုံးပြုသင့်ပါတယ်။



Comments