top of page

How to prep your skin for waxing

  • Apr 25, 2022
  • 1 min read

ယနေ့ခတ်ကာလမှာ Waxing လုပ်တာဟာ အမျိုးသမီး၊ အမျိုးသားတိုင်းနဲ့ စိမ်းတဲ့အရာတစ်ခု မဟုတ်တော့ပါဘူး။ Waxing လုပ်ခြင်းဟာ အမွှေးပြန်ပေါက်ရာမှာနှေးပြီးတော့ အသားအရည်ကို ပိုမိုချောမွေ့စေတဲ့အတွက်ကြောင့် အလှပြင်ဆိုင်တော်တော်များများမှာ Waxing Service တွေထည့်သွင်းလာကြပါတယ်။ အလှပြင်ဆိုင်သွားရတာဝေးတာဖြစ်စေ၊ ကုန်ကျစရိတ်လျှော့ချလိုတာကြောင့်ဖြစ်စေ အိမ်မှာနေရင်း Waxing ပြုလုပ်လိုတဲ့အခါ ပြင်ဆင်ထားသင့်တဲ့အချက်လေးတွေကိုပြောပြပေးပါမယ်။


Waxing လုပ်တယ်ဆိုတာကတော့ ခန္ဓာကိုယ်မွှေးညှင်းပေါက်မှ အမွှေးအမျှင်တွေကို အမြစ်ပါပါအောင်ဖယ်ရှားလိုက်ခြင်းဖြစ်ပါတယ်ဒါကြောင့် မွှေးညှင်းပေါက်လေးတွေကပွင့်နေတဲ့အတွက် သန့်ရှင်းမှမရှိပါက မွှေးညှင်းပေါက်ထဲကိုရောဂါပိုးတွေဝင်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် Waxing လုပ်ပြီးချိန်မှာ သင့်တော်တဲ့ အသားရည်ထိန်သိမ်းမှုနှင့် သန့်ရှင်းရေးကို စနစ်တကျပြုလုပ်ပေးဖို့လိုအပ်ပါတယ်။



Tip #1 - အမွှေးအမျှင်များကို သင့်တော်သောအရှည်ရှိနေပါစေ


Waxing ပြုလုပ်ရန်အတွက် အမွှေးအမျှင်တွေဟာ အနည်းဆုံး တစ်လက်မ လေးပုံတစ်ပုံရှည်ဖို့လိုအပ်ပါတယ်။ ရှည်လွန်းသောအမွှေးအမျှင်များကို ဖယောင်းလိမ်းခြင်းက အမွှေးအမျှင်များကိုပိုမိုရှုပ်ထွေးစေပြီး ပိုမိုနာကျင်စေပါတယ်။

သန့်ရှင်းသောတစ်ကိုယ်ရည်သုံး ကတ်ကြေး၊ electronic trimmer အသုံးပြုပြီးကြိုတင်ရှင်းလင်းထားသင့်ပါတယ်။


Tip #2 - Exfoliate ပြုလုပ်ထားပါ

Waxing မလုပ်ခင်တစ်ရက် သို့မဟုတ် နှစ်ရက်အလိုတွင်၊ အပျော့စားBody Scrub၊ Brush နှင့် အရေပြားပေါ်ရှိ ဆဲလ်သေများကို ဖယ်ရှားရန် ညင်ညင်သာသာ ပွတ်တိုက်ပေးပါ။ Exfoliation လုပ်ထားခြင်းသည် အမွှေးညှင်းပေါက်များကို ပြေလျော့စေပြီး Waxing လုပ်တဲ့အခါ ပိုပြီးလွယ်ကူစေပါတယ်။


Tip #3 - Dry

Waxing မလုပ်ခင်မှာ အသားအရေဟာ အဆီတွေ၊ အညစ်အကြေးတွေ၊ အစိုဓာတ်တွေကင်းစင်နေဖို့ အရေးကြီးပါတယ်။ ကိုယ် Waxing လုပ်မယ့် နေရာကို အဝတ်သန့်သန့်ဖြင့်ခြောက်နေအောင်သုတ်ပါ။ ပြီးရင်တော့ Baby powder ပါးပါးလေးပုတ်ပေးပါ။ ပေါင်ဒါက ခန္ဓာကိုယ်က ချွေးတွေအဆီတွေစုပ်ပေးနိုင်ပြီး Waxing လုပ်နေစဉ်အတွင်းလဲ နာကျဉ်မှုကိုအနည်းငယ်သက်သာစေပါတယ်။


Tip #4 - Check direction of hair growth


Wax ကို ခန္ဓာကိုယ်ပေါ်မသုတ်လိမ်းခင် ကိုယ့်အရည်ပြားကိုသေချာကြည့်ပါ အမွှေးအမျှင်ရဲ့ လားရာအတိုင်း Wax ကို သုတ်လိမ်းပါ။ ၅ စက္ကန့်စောင့်ပါ အချို့ Wax တွေကအရည်ပြားပေါသေချာကပ်ဖို့ အချိန်လိုအပ်သော်လည်း တစ်ချို့မှာ ချက်ချင်းနီးပါး ဆွဲခွာနိုင်သည်။ ပြီးရင်တော့ ဆန့်ကျင့်ဘက်ကိုဆွဲခွာပါ။ သတိထားရမယ့်အချက်ကတော့ Wax ကိုခွာဖို့ စက္ကန့်ပိုင်းဘဲအချိန်ယူပါ။


Tip #5 - Exfoliate after 24 hours

Exfoliate ကို Waxing လုပ်ပြီးပြီးချင်မလုပ်ဘဲ ၂၄ နာရီကြာမှပြုလုပ်ချင်းက အကောင်းဆုံးဖြစ်ပါတယ်။ Waxing လုပ်ပြီးသည့်နောက် Exfoliate ကိုနေ့စဉ်ပြုလုပ်ခြင်းက ingrown hair ဖြစ်နိုင်မှုကို ကာကွယ်နိုင်ပြီး အသားအရေကိုပိုမို ချောမွေ့စေပါတယ်။


Waxing နဲ့ Shaving ဘယ်ဟာကပိုကောင်းလဲဆိုရင်တော့ နှစ်ခုလုံးကမတူညီတဲ့ အမွှေးအမျှင်ဖယ်ရှားခြင်းနည်းလမ်းများဖြစ်သည်။ နှစ်ခုလုံးမှာ အာသာချက်အားနည်းချက်ကိုယ်စီရှိကြပါတယ်။ ကိုယ့်အနေနဲ့ ကြာရှည်ခံတဲ့ ရလဒ်ကိုလိုချင်တယ်ဆိုရင်တော့ Waxing လုပ်ခြင်းကမှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ Waxing ပြုလုပ်ခြင်းကအမွှေးအမျှင်တွေကို အမြစ်မှဖယ်ရှားပေးကာ အနဲဆုံး ၂ပါတ်မှ ၄ ပါတ်ထိကြာရှည်ခံပါသည်။ Shaving ကတော့ ကြာရှည်မခံပေမယ့် Waxing လုပ်တာထက်အချိန်ကုန်သက်သာသလို နာကျဉ်မှုလဲသိပ်မရှိပါဘူး။

Waxing လုပ်တာရဲ့ အဓိကအားနည်းချက်ကတော့ အချိန်ပေးရပါတယ်။ နာကျဉ်မှုအနေနဲ့ကတော့ ခန္ဓာကိုယ်ရဲ့နေရာနဲ့အကြိမ်အရေအတွက်ပေါ်မူတည်ပြီးကွဲပြားပါတယ် ဥပမာ - နှာခေါင်းအတွင်းကအမွှေးအမျှင်ကိုဖယ်ရှားတယ်ဆိုရင် ပထမအကြိုမ်က ၁၀ မှာ ၅ လောက်နာကျဉ်နိုင်ပါတယ်။

Shaving လုပ်တာရဲ့အားနည်းချက်ကတော့ ရေရှည်မခံတာ၊ ကျွမ်းကျင်မှုမရှိရင် အရည်ပြားပြတ်ရှနိုင်ချေရှိနိုင်ပါတယ်။

Waxing လုပ်သည်ဖြစ်စေ Shaving လုပ်သည်ဖြစ်စေသတိထားရမှာကတော့ အသုံးအဆောင်များကို တစ်ကိုယ်ရည်သုံး ပစ္စည်းများသာသုံးပါ။ Aftercare ကိုစနစ်တကျလုပ်ပေးဖို့လိုအပ်ပါတယ်။

 
 
 

Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page