top of page

Homemade vegan mayonnaise

  • May 25, 2022
  • 1 min read

ကိုယ်က ကြက်ဥနှင့် ဓာတ်မတည့်တာ vegan သမားတစ်ယောက်ဖြစ်တယ် mayonnaise ကိုသုံးပြီး Burger, sandwich, salad သုပ်စားချင်တယ်ဆိုရင်တော့ vegan mayonnaise အစားထိုးပြီး စားသုံးနိုင်ပါတယ်။ အဓိကပါဝင်ပစ္စည်းကွဲပြားသော်လည်း ပုံမှန် mayonnaiseအတိုင်းအရသာရှိတဲ့အတွက် အကောင်းဆုံး အစားထိုးတစ်ခုဖြစ်ပါတယ်။


Vegan Mayo ဆိုတာဘာလဲ?


Vegan Mayonnaise ကို တော့ ပဲနို့ နှင့် ဆီ တို့ ဖြင့် အဓိကပြုလုပ်ထားပါတယ် ဒါ့ကြောင့် vegan mayo က ကြက်ဥနှင့်ဆီပေါင်းစပ်ထားတဲ့ ပုံမှန် mayonnaise နှင့် တော့အနည်းငယ်အကွဲပြားမှုတော့ရှိပါတယ်။


Vegan Mayo က ပုံမှန် Mayo လိုအရသာကောင်းပါ့မလား?

Vegan mayonnaise က ပုံမှန် Mayo လိုဘဲ အရသာကောင်းပါတယ်။ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ - ပဲနို့နှင့်ဆီ နှစ်ခုကို ပြောထားခဲ့ပြီးဖြစ်သော်လည်း အရသာကောင်းမွန်စေရန်အတွက်တစ်ခြား ပါဝင်ပစ္စည်းများ အနည်းငယ်ကို ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။


ရှာလကာရည် - ဝိုင်နီရှာလကာရည်၊ ဝိုင်ဖြူရှာလကာရည် သို့မဟုတ် ပန်းသီးရှာလကာရည်

ဆား - ချက်ပြုတ်နည်းအများစုလိုဘဲ အရသာကောင်းမွန်စေရန် ဆားလိုအပ်ပါတယ်။

သံပုရာရည် - အနံနှင့်အရသာပိုမိုကောင်းမွန်ရန် သံပုရာရည်လိုအပ်ပါတယ်။

ပုံမှန်အားဖြင့် ကျွန်ုပ်သည် မည်သည့်အချိုရည်ကိုမျှ မထည့်တတ်သော်လည်း ၎င်းသည် ရှာလကာရည်ကို Sweetener - အရသာမျှတအောင်လုပ်ဆောင်ပေးရန်အတွက်ထည့်ပါတယ်။ သကြား၊ သကြားအစားထိုး တို့ကို ထည့်နိုင်တယ်။ ပျားရည်ကိုစားရင်တော့ ထည့်နိုင်ပါတယ်။


Vegan Mayonnaise ကိုဘယ်လိုပြုလုပ်ကြမလဲ?

ပါဝင်ပစ္စည်းတွေကို သမအောင်မွှေဖို့အတွက် Food processor ကို အသုံးပြုပေးပါ။ Food processor ကို အသုံးပြုပီး mayonnaise ပြုလုပ်ပါက mayonnaise ကပိုပြီး creamy ဖြစ်ပါတယ်။ Food processor မရှိဘူးဆိုရင်တော့ Hand mixer ကိုအသုံးပြုနိုင်ပါတယ်။


Mayonnaise ဆိုတာ အဆီကို ပဲနို့ နှင့်ရောနှောစေပြီး ထူထဲတဲ့ခရင်မ်အရောအနှောတစ်ခုဖြစ်အော် ပြုလုပ်ခြင်းဖြစ်ပါတယ်။


Mayo ပြုလုပ်ရန်အကောင်းဆုံးအကြံပြုချက် ၂ ခုရှိပါတယ်။


  1. ဆီ ဖြည်းဖြည်းချင်းထည့်ပါ။ တဖြေးဖြေးနဲ့ တစက်စက်ချင်းထည့်ပါ။ ဆီကို မြန်မြန်ထည့်လိုက်သည်နှင့် mayonnaise ကဘယ်သောအခါမှ မပျစ်တော့ဘဲ အရည်ကျဲကျဲကြီးဖြစ်နေတတ်ပါတယ်။

  2. အခန်းအပူချိန် မှာသိမ်းထားတဲ့ပါဝင်ပစ္စည်းများကိုသာအသုံးပြုပါ။ ပါဝင်ပစ္စည်းများအားလုံးကို တူညီသောအပူချိန်မှာရှိတဲ့ ပစ္စည်းတွေကိုအသုံးပြုပါက mayonnaise ကိုပိုပြီး creamy ဖြစ်စေပါတယ်။


လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့

  1. အခန်းအပူချိန် မှာသိမ်းထားတဲ့ ပဲနို့ 1/2 ခွက် (120 ml)

  2. ပန်းသီးရှာလကာရည် 1 ဇွန်း၊ အနီရောင် သို့မဟုတ် အဖြူရောင် ဝိုင် ကို အသုံးပြုပြီး ရှာလကာရည်ကို အစားထိုးနိုင်ပါတယ်။

  3. ဆား - လက်ဖက်ရည်ဇွန်း 1/4 ဒါမှမဟုတ် 1/2

  4. သံပုရာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  5. နေကြာ၊ စပျစ်စေ့ သို့မဟုတ် ဟင်းရွက်ဆီ - ၁ ခွက်

  6. သကြား

ပြုလုပ်နည်းအဆင့်ဆင့်ကတော့

  1. ပဲနို့ ကို food processor ရဲ့ ဇလုံထဲကိုထည့်ပါ။ တစ်မိနစ်ခန့် (သို့) အရည်များ ပျစ်လာသည်အထိမွှေပေးပါ။

  2. ရှာလကာရည်၊ ဆားးနှင့် သံပုရာရည်တို့ကို ပေါင်းထည့်ကာ အားလုံးကို ကောင်းစွာရောနှောသွားအောင် နောက်ထပ် စက္ကန့် 30 လောက်မွှေထားပေးပါ။

  3. ဆီကို တဖြေးဖြေးနဲ့ တစက်စက်ချင်းထည့်ပါ။

  4. ဆီအားလုံးကိုထည့်ပြီးနောက်ထပ် 10 စက္ကန့်ကြာအောင်မွှေပေးပါ။

  5. Mayo ကို မြည်းစမ်းပြီး လိုအပ်ပါက ဆား သို့မဟုတ် အချိုထပ်ထည့်နိုင်ပါတယ်။

Han mixer ကို အသုံးပြုပါက အချိန် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ကြာအောင်မွှေပေးဖို့လိုအပ်ပါတယ်

Vegan mayonnaise ကို 2 ပတ်မှ 3 ပတ်အထိ ရေခဲသေတ္တာထဲတွင် လေလုံသော ဘူးထဲတွင် သိမ်းဆည်းထားနိုင်ပါတယ်။


Comments


Drop Me a Line, Let Me Know What You Think

Thanks for submitting!

© 2023 by Train of Thoughts. Proudly created with Wix.com

bottom of page