JavaScript နှင့် JQuery အကြားခြားနားချက်
- Jun 24, 2021
- 1 min read
Updated: Jul 1, 2021
JavaScript နှင့် JQuery အကြားခြားနားချက် ကိုမပြောခင် JavaScript ကို အရင်ရှင်းပြပါမယ်
JavaScript ဆိုတာဘာလည်း
JavaScript ဆိုတာကတော့ scripting language တစ်ခုဖြစ်တယ် web site တွေကို ပိုပြီးတော့ responsive ဖြစ်စေဖို့နဲ့ interactive ဖြစ်စေဖို့အတွက်အသုံးပြုကြတယ်။ HTML နဲ့ CSS တို့နဲ့ တူတူပေါင်းစပ်ပြီးတော့ web page တွေကို develop လုပ်တဲ့နေရာမှာအသုံးပြုကြတယ်။ အကယ်၍ HTML & CSS သည် web page များကိုရုပ်လုံးပေါ်အောင် ပြုလုပ်တဲ့နေရာမှာသုံးပြီးတော့ JavaScript ကတော့ web page ကို အသက်ဝင်အောင်လုပ်တဲ့နေရာမှာသုံးတယ် ဆိုလိုတာကတော့ JavaScript မရှိရင် web page က ပုံနဲ့ စာရယ်ဘဲရှိနေမှာပါ။ JavaScript ကတော့ form တွေ front end နဲ့ back end အတွက် data ချိတ်ဆက်မှုတွေပြုလုပ်ပေးတာပါ။ JavaScript က client-side အဓိက language တစ်ခုဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ JavaScript အကြောင်းကိုသိလောက်ကြပီထင်ပါတယ်။ JQuery အကြောင်းကိုဆက်ရှင်းပြပါမယ်။
JQuery ဆိုတာဘာလည်း
JQuery ဆိုတာကတော့ JavaScript ကနေ develop လုပ်ထားတဲ့ JavaScript framework တစ်ခုဖြစ်ပါတယ်။ jQuery ၏ရည်ရွယ်ချက်မှာ JavaScript ကိုအသုံးပြုပြီးဝက်ဘ်ဆိုက်များနှင့် browser အခြေပြု application များကိုအလွယ်တကူ develop လုပ်နိုင်ဖို့အတွက်ပါ။ JavaScript is an independent language ဖြစ်ပြီးတော့ JQuery ကတော့ ရေးမယ်ဆိုဒီတိုင်းရေးလို့မရပါဘူး သင့်တော်တဲ့ JavaScript framework ကို import ပြီးမှ develop လုပ်လို့ရပါတယ်။
အကျဉ်းချုပ်ဆိုရသော်
JavaScript က language တစ်ခုဖြစ်ပြီးတော့ JQuery ကတော့ JavaScript library တစ်ခုဖြစ်ပါတယ်။ JavaScript နဲ့ coding ရေးတဲ့အခါ code တွေက ပိုပြီး များများရေးရပြီး JQuery မှာတော့ code ရေးရတာ ပိုသက်သာပါတယ်။
JavaScript က independent ဖြစ်တဲ့အတွက်ကြောင့် code ရေးတာမှားယွင်းမှသာ error တက်နိုင်ပေမယ့် JQuery ကတော့ ကိုယ် develop လုပ့်မယ့် JavaScript library မှန်ကန်စွာမထည့်ထားဘူးဆိုရင် code မှန်ကန်ရင်တော့ error တက်နိုင်ပါတယ်။
<!DOCTYPE html>
<html>
<body>
<h2>My First JavaScript</h2>
<button type="button"
onclick="document.getElementById('demo').innerHTML = Date()">
Click me to display Date and Time.</button>
<p id="demo"></p>
</body>
</html> Javascript code sample
<!DOCTYPE html>
<html>
<head>
<script src="https://ajax.googleapis.com/ajax/libs/jquery/3.5.1/jquery.min.js"></script>
<script>
$(document).ready(function(){
$("p").click(function(){
$(this).hide();
});
});
</script>
</head>
<body>
<p>If you click on me, I will disappear.</p>
<p>Click me away!</p>
<p>Click me too!</p>
</body>
</html>jQuery code sample



Comments